မန်ယူအသင်း၏ ပထမဆုံးအားကစားဒါရိုက်တာ ဖြစ်လာရန် အသင်းဂိုးသမားဟောင်း ဗန်ဒါးဆား ရေပန်းစားနေ 

မန်ယူအသင်း၏ ပထမဆုံးအားကစားဒါရိုက်တာ ဖြစ်လာရန် အသင်းဂိုးသမားဟောင်း ဗန်ဒါးဆား ရေပန်းစားနေ 
Published 14 August 2018

မန်ယူအသင်းသည် ကလပ်အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအားကစားဒါ ရိုက်တာ ခန့်အပ်ရန် ရည်ရွယ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဂိုးသမားဟောင်း ဗန်ဒါးဆားသည် ယင်းရာထူးကို ရရှိရန် ရေပန်းစားနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ယခုနွေရာသီအ ပြောင်းအရွှေ့ကာလအတွင်း ပစ်မှတ်ထားခဲ့ သည့် ကစားသမားများကို ခေါ်ယူနိုင်ခြင်း မရှိ သည့်အတွက် နည်းပြ မော်ရင်ဟိုနှင့် အသင်း ၏ အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝက်ဒ်တို့ ကြား အကြိတ်အခဲများဖြစ်ပေါ်ခဲ့ရသည်။

ထို့ ကြောင့် မန်ယူအသင်းတာဝန်ရှိသူများက ယင်းကဲ့သို့ ပြဿနာများ နောက်နောင်ပေါ် ပေါက်ခြင်း မရှိစေရန် အားကစားဒါရိုက်တာ ခန့်အပ်ခြင်းဖြင့် ဖြေရှင်းရန် စီစဉ်နေခြင်းဖြစ် သည်။

မန်ယူအသင်းသည် အပြောင်းအရွှေ့ လှုပ်ရှားမှုများ မအောင်မြင်ခဲ့သည့်အပြင် ဘဏ္ဍာရေးရှင်းတမ်းအရ ဝင်ငွေလျော့ကျမှု များလည်း ရှိလာသည့်အတွက် အပြောင်းအ လဲများပြုလုပ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း လည်း သိရှိရသည်။

နယ်သာလန်လက်ရွေးစင်ကစားသမား ဟောင်း ဗန်ဒါးဆားသည် လက်ရှိအချိန်တွင် အေဂျက်စ်အသင်း၏ အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်နေသော်လည်း မန်ယူအသင်းနှင့် ပြန်လည်လက်တွဲရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

မန်ယူအသင်းသည် ဗန်ဒါးဆား အပြင် ရိုးမားအသင်း၏ အားကစားဒါရိုက်တာ အဖြစ် ဆောင်ရွက်နေသော ဆီဗီလာဂိုးသမား ဟောင်း မွန်ချီကိုလည်း ပစ်မှတ်ထားနေ ကြောင်း သိရှိရသည်။

မွန်ချီသည် အပြောင်း အရွှေ့ဈေးကွက်တွင် ရိုးမားအသင်းအတွက် အကျိုးအမြတ်များစွာရရှိအောင် စွမ်းဆောင် ပေးနေသည့်အတွက် မန်ယူအသင်းတာဝန်ရှိ သူများက မျက်စိကျနေခြင်းလည်းဖြစ်သည်။

Most Read

Most Recent