စူပါဖလားကို (၁၃)ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ

စူပါဖလားကို (၁၃)ကြိမ်မြောက် ရယူနိုင်ခဲ့တဲ့ ဘာစီလိုနာ
Published 13 August 2018

ဆီဗီလာ ၁-၂ ဘာစီလိုနာ

ဘာစီလိုနာအသင်း လွယ်လွယ်ရခဲ့တဲ့နိုင်ပွဲ တော့ မဟုတ်ပါဘူး။ ဆီဗီလာအသင်းက ဦးဆောင် ဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် ကစားပုံကလည်း အမှား နည်းခဲ့တာကြောင့် ဘာစီလိုနာအသင်း ပွဲချိန်ပြည့် အားစိုက်ကစားခဲ့ရပါတယ်။

မော်ရိုကိုနိုင်ငံမှာ ကျင်းပတဲ့ ဒီပြိုင်ပွဲကို ဘာစီလိုနာနည်းပြ ဗယ်လ် ဗာဒီက ကစားသမားအစုံအလင် ခေါ်ယူလာခဲ့ပေ မယ့် ကော်တင်ဟို၊ ရာကီတစ်နဲ့ အမ်တီတီတို့ကို တော့ ပွဲထွက်စာရင်းက ချန်လှပ်ထားခဲ့ပါတယ်။

ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ အာသာနဲ့ လွန်းဂ လတ်တို့ကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာတော့ မက် ဆီ၊ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီအတွဲကို အသုံးပြုခဲ့ပါ တယ်။

ဆီဗီလာနည်းပြသစ် မာချင်ကလည်း လူစုံ ခေါ်ယူလာခဲ့ပြီး ဘာစီလိုနာအသင်းကို အကောင်း ဆုံးတုံ့ပြန်သွားခဲ့ပါတယ်။

(၉)မိနစ်မှာ ဆီဗီလာအသင်း တန်ပြန်တိုက်စစ်ကတစ်ဆင့် ဦး ဆောင်ဂိုး ရရှိခဲ့ပြီး ဆာရာဘီယာက သွင်းယူခဲ့တာပါ။ ဒီဂိုးက စပိန်ဘောလုံးလောကမှာ VAR စနစ် ကို ပထမဆုံးအသုံးပြုပြီး ဆုံးဖြတ်ပေးခဲ့တဲ့ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

(၄၂)မိနစ်မှာတော့ မက်ဆီရဲ့ ပြစ်ဒဏ်ဘောကန်ချက် တိုင်ထိထွက်လာတာကို ပီကေးက ပိတ်သွင်းနိုင်ခဲ့တာကြောင့် ချေပဂိုး ရရှိ ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗယ်လ်ဗာဒီက ရာကီတစ်နဲ့ ကော်တင်ဟိုတို့ကို စောစောစီးစီးထည့် သွင်းပြီး မိနစ်(၉၀)အတွင်း အပြတ်ဖြတ်နိုင်ဖို့ အ ပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆီဗီလာအသင်း ဘောလုံးရရှိချိန်မှာ ကစားကွက်ဖော်လို့မရအောင် ဖိအားပေးဖျက်ထုတ်တဲ့ပုံစံကိုလည်း ကျင့်သုံးခဲ့ပါ တယ်။ ဒါပေမဲ့ မိနစ် (၆၀)ဝန်းကျင်မှာ ဗက်ဇ်ကေး ရဲ့ခေါင်းတိုက်ချက် ဘားတန်းထိထွက်သွားလို့ ဘာစီလိုနာ ကံကောင်းခဲ့ပါတယ်။

ဆီဗီလာဂိုးသ မား ဗာကလစ် လက်စွမ်းပြနေခဲ့တာကြောင့်လည်း ဘာစီလိုနာအသင်း အနိုင်ဂိုးရဖို့ အခက်တွေ့ခဲ့ရ ပြီး (၇၈)မိနစ်မှာမှ ဒမ်ဘီလီက ဧရိယာထိပ်ကနေ အဝေးကန်ချက်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ဘာစီလိုနာကစားသမားဟောင်း အဲလစ်ဗီဒယ်လ်ကြောင့် ဆီဗီလာအသင်း ပယ်နယ်တီရခဲ့ပေမယ့် ဘင်ယက်ဒါရဲ့ကန်ချက်ကို စတီဂန်က အမိဖမ်းပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ စူပါဖလားကို စံချိန်တင် (၁၃)ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး နောက်ဆုံး(၁၀)နှစ်အတွင်းမှာ (၆)ကြိမ်တိတိ ချန်ပီယံဖြစ်ခဲ့ပါတယ်။

Photos : AFP

Most Read

Most Recent