မိမိအား မန်နေဂျာထက်နည်းပြချုပ်ဟုသာ ခေါ်ဆိုသင့်ဟုမော်ရင်ဟို ထပ်မံဝေဖန်

မိမိအား မန်နေဂျာထက်နည်းပြချုပ်ဟုသာ ခေါ်ဆိုသင့်ဟုမော်ရင်ဟို ထပ်မံဝေဖန်
Published 12 August 2018

 

Photo: AFP

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွင် ကစားသမားသစ်များ ခေါ်ယူနိုင်ခြင်းမရှိသဖြင့် ကျေနပ်ခြင်းမရှိသေးဘဲ အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ဦးဆောင်သည့် ဘုတ်အဖွဲ့အား ထပ်မံဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အယ်လ်ဒါဝီရယ်လ်၊ မက်ဂွိုင်းရား၊ ယာရီမီနာ၊ ဘိုတန်၊ ဂိုဒင် စသည့် ခံစစ်အတွင်းလူများကိုခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိရာ မော်ရင်ဟိုက မိမိအား မန်နေဂျာထက် နည်းပြချုပ်ဟုသာ ခေါ်ဆိုသင့်ကြောင်း ထပ်မံဝေဖန်ခဲ့ခြင်း ဖြစ်သည်။

လက်စတာအသင်းအား အနိုင်ရခဲ့သည့် ရာသီအဖွင့်ပွဲအပြီးတွင် မော်ရင်ဟိုက "ဒီရာသီက ကျွန်တော်တို့တင်မဟုတ်ဘဲ အားလုံးအတွက် ခက်ခဲတဲ့ရာသီဖြစ်လာမှာပါ။ ကျွန်တော့်ဆီမှာ လပေါင်းများစွာအတွက် အစီအစဉ်တွေရှိထားပြီးသားပါ။ အပြောင်းအရွှေ့ပိတ်ထားတဲ့အခြေအနေမျိုးနဲ့လည်း ကိုယ့်ကိုယ်ကိုယ် အဖြေရှာပြီးပါပြီ။ အပြောင်းအရွှေ့ကိစ္စတွေမှာ ကျွန်တော်ပါဝင်ခွင့်ရတယ်လို့လည်း မထင်ပါဘူး။ အခုဆိုရင် အပြောင်းအရွှေ့ကာလ ပိတ်သွားပါပြီ။ ဒါက စီမံခန့်ခွဲမှုပါပဲ။ ဘောလုံးလောကက ပြောင်းလဲနေပြီး မန်နေဂျာတွေကိုလည်း နည်းပြချုပ်တွေလို့ပဲ ပြောင်းခေါ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့က ကိုယ့်ထက် အင်အားပိုဖြည့်ထားတဲ့အသင်းနဲ့ ကစားခဲ့ရတာပါ။ ပရီးမီးယားလိဂ်အသင်းတွေက အရည်အသွေးတူကစားသမားတွေ ပိုင်ဆိုင်ထားကြလို့ နာမည်တွေ၊ သမိုင်းကြောင်းတွေ၊ ဂျာစီတွေ အကြောင်း မေ့ထားသင့်ပါပြီ" ဟု ဆိုသည်

Most Read

Most Recent