<

ယခုနွေရာသီတွင် ကစားသမားရောင်းချမှုမှ စံချိန်တင်အဖြစ် ဘာစီလိုနာအသင်း ပေါင် ၁၁၁ သန်းရရှိထား

စပိန်ကလပ် ဘာစီလိုနာအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစား သမားရောင်းချမှုမှ စံချိန်တင်အဖြစ် ပေါင် ၁၁၁ သန်းအထိရရှိထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ယခုနွေရာသီ တွင် အသင်းခေါင်းဆောင် အင်နီယေစတာ အား ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေးအသင်းထံ အလွတ်ပြောင်းရွှေ့ခွင့်ပြုခြင်း အပါအ၀င် ကစားသမားကိုးဦးထွက်ခွာခွင့်ပြုရာ ခြောက်ဦး အတွက် ပြောင်းရွှေ့ကြေးရရှိထားခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ကိုလံဘီယာ နောက်ခံလူ ယာရီမီနာ (ပေါင် ၂၈ ဒသမ ၅ သန်း)၊ ပြင်သစ်နောက်ခံလူ လူးကပ်စ်ဒစ်ဂ် နေး (ပေါင် ၁၈ သန်း) နှင့် ပေါ်တူဂီကွင်းလယ် လူ အန်ဒရေဂိုးမက်စ် (ပေါင်နှစ်သန်း၊ အငှား) တို့ကို အဲဗာတန်အသင်းထံ ရောင်းချခဲ့ပြီး စပိန်တောင်ပံကစားသမား ဒယ်လိုဖူကို ၀က် ဖို့ဒ်အသင်းထံ ပေါင် ၁၃ သန်း၊ စပိန်နောက်ခံ လူ အဲလစ်ဗီဒယ်လ်ကို အသင်းဟောင်းဆီဗီ လာထံ ပေါင် ၇ ဒသမ ၅ သန်းဖြင့် ရောင်းချ ခဲ့သည်။

ထို့ပြင် ဘရာဇီးလ်ကွင်းလယ်လူ ပေါ် လင်ဟိုကိုလည်း ၎င်းင်း၏အသင်းဟောင်းဖြစ် သည့် တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်း အသင်းထံ တစ်ရာသီအငှားစာချုပ်ဖြင့် စေ လွှတ်ခဲ့ပြီး ရာသီကုန်တွင် ပေါင် ၄၄ ဒသမ ၂ သန်းဖြင့် ရောင်းချမည်ဖြစ်ရာ ကစားသမား ခြောက်ဦးအတွက် စုစုပေါင်းပေါင် ၁၁၁ သန်း (ယူရို ၁၂၄ သန်း) ရရှိထားသည်။

ယင်းပမာဏမှာ အပြောင်းအရွှေ့ကာလတစ်ခုအတွင်း ကစားသမား ရောင်းချမှုမှ ၀င်ငွေအများဆုံး ရရှိခြင်းဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် စံချိန်သစ်အဖြစ် မှတ်တမ်းဝင်ထားသည်။

ဘာစီလိုနာအသင်းသည် အင်နီယေစတာနှင့် ပေါ်လင်ဟိုတို့ထွက်ခွာသွားသဖြင့် ကွင်းလယ် ပိုင်းကို အင်အားပြန်လည်ဖြည့်တင်းထားပြီး ဘိုင်ယန်မြူးနစ်အသင်းမှ ချီလီကွင်းလယ်လူ ဗီဒယ်လ်ကို ပေါင် ၁၆ ဒသမ ၂ သန်း၊ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်း၏ လူငယ်ကွင်းလယ်ကစားသမား အာသာကို ပေါင် ၂၇ ဒသမ ၉ သန်းဖြင့် ခေါ်ယူခဲ့သည်။

ထို့ပြင် ဘော်ဒိုးအသင်း၏ ဘရာဇီးလ်တောင်ပံကစား သမား မယ်လ်ကွန်ကို ပေါင် ၃၆ ဒသမ ၉ သန်း၊ ဆီဗီလာအသင်း၏ ပြင်သစ်နောက်ခံ လူ လွန်းဂလတ်ကို ပေါင် ၃၂ ဒသမ ၃၁ သန်း ဖြင့် ခေါ်ယူထားရာ ကစားသမားသစ်လေးဦး အတွက် ပေါင် ၁၁၃ ဒသမ ၃၁ သန်း (ယူရို ၁၂၆ ဒသမ ၃၀ သန်း) အသုံးပြုထားကြောင်း သိရသည်။

သို့ဖြစ်ရာ ဘာစီလိုနာအသင်း၏ နွေရာသီအသားတင်အသုံးစရိတ်မှာ ပေါင် ၂ ဒသမ ၃၁ သန်းသာရှိကြောင်း သိရသည်။

ထို့ပြင် EU (ဥရောပသမဂ္ဂ) အဖွဲ့ဝင် နိုင်ငံသားမဟုတ်သည့် ပေါ်လင်ဟိုနှင့် မီနာ တို့ ထွက်ခွာသွားသဖြင့် အာသာ၊ မယ်လ်ကွန် နှင့် ဗီဒယ်လ် သုံးဦးစလုံးအတွက် ခေါင်းခဲရန် မလိုအပ်တော့ဘဲ လာလီဂါပြိုင်ပွဲ၏ စည်းမျဉ်း အရ ပွဲကစားမည့်နေ့လူစာရင်းတွင် EU ပြင်ပ ကစားသမားသုံးဦးသာ ထည့်သွင်းခွင့်ရှိ ကြောင်း သိရသည်။

ယခုနွေရာသီ ကစားသမားရောင်းချမှု

အမည် ကလပ် တန်ဖိုး

ပေါ်လင်ဟို ကွမ်ကျိုးအဲဗားဂရန်း ၄၄.၂ သန်း
ယာရီမီနာ အဲဗာတန် ၂၈.၅ သန်း
ဒစ်ဂ်နေး အဲဗာတန် ၁၈ သန်း
အန်ဒရေဂိုးမက်စ် အဲဗာတန် ၂ သန်း
အဲလစ်ဗီဒယ်လ် ဆီဗီလာ ၇.၅ သန်း
ဒယ်လိုဖူ ၀က်ဖို့ဒ် ၁၃ သန်း

ယခုနွေရာသီ ကစားသမားခေါ်ယူမှု

အမည် ကလပ် တန်ဖိုး

မယ်လ်ကွန် ဘော်ဒိုး ၃၆.၉ သန်း
လွန်းဂလတ် ဆီဗီလာ ၃၂.၃၁ သန်း
အာသာ ဂရီမီယို ၂၇.၉ သန်း
ဗီဒယ်လ် ဘိုင်ယန်မြူးနစ် ၁၆.၂ သန်း

Photos : Aleix Vidal

August 11, 2018














Copy Protected by Chetan's WP-Copyprotect.