အင်တာမီလန်သို့ ပြောင်းရွှေ့ခွင့်ပြုရန် မိုဒရစ်တောင်းဆိုဟု သတင်းထွက်ပေါ်

အင်တာမီလန်သို့ ပြောင်းရွှေ့ခွင့်ပြုရန် မိုဒရစ်တောင်းဆိုဟု သတင်းထွက်ပေါ်
Published 11 August 2018

ရီးယဲလ်မက်ဒရစ်အသင်း၏ ခရိုအေး ရှားလက်ရွေးစင် ကွင်းလယ်လူ မိုဒရစ်သည် ယခုနွေရာသီတွင် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် အသင်းဥက္ကဋ္ဌ ပီရက်ဇ် ထံ တောင်းဆိုထားကြောင်း အီတလီအခြေ စိုက် Calciomercato သတင်းဌာနက သြဂုတ် ၁၀ ရက်တွင် ဖော်ပြသည်။

အင်တာမီလန်အသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဘောလုံးဆုရှင် မို ဒရစ်ကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိပြီး ကစား သမားကိုယ်တိုင်ကလည်း အသင်းပြောင်းရွှေ့ လိုသဖြင့် ဥက္ကဋ္ဌပီရက်ဇ်ထံ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းဌာနက ဖော်ပြ သည်။

ထို့ပြင် အီတလီအခြေစိုက် Correire dello Sport သတင်းစာကလည်း အင်တာ မီလန်အသင်းတာဝန်ရှိသူများသည် မိုဒရစ်၏ အပြောင်းအရွှေ့အတွက် ရီးယဲလ်အသင်းနှင့် ဆွေးနွေးမှုပြုလုပ်ရန် မက်ဒရစ်သို့ရောက်ရှိ နေကြောင်း ဖော်ပြသည်။

သို့သော် ပီရက်ဇ်က မူ မိုဒရစ်၏စာချုပ်လျော်ကြေးမှာ ယူရိုသန်း ၇၅၀ ဖြစ်ပြီး ၎င်းင်းအား ခေါ်ယူလိုပါက ယင်း ပမာဏအတိုင်း ပေးချေရမည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်။

မိုဒရစ်သည် ၂၀၁၇-၂၀၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံး ကွင်းလယ်ကစားသမားဆု ဆန်ခါတင်စာရင်း တွင်လည်း ရွေးချယ်ခံထားရသည်။

Most Read

Most Recent