ပရီးမီးယားလိဂ် ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Published 11 August 2018

■ နယူးကာဆယ် နှင့် စပါး (စနေည ၆း၀၀ နာရီ)

ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ်တို့ အိမ်ကွင်းမှာ (၈)ပွဲအထိနိုင်ခဲ့တာက ကျေနပ်စရာရလဒ်ပါ။ အာဆင်နယ်၊ မန်ယူ၊ ချယ်လ်ဆီးအသင်းတွေကို အိမ်ကွင်းမှာ ဒုက္ခပေးနိုင်ခဲ့တာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရာသီမှာ နယူးကာဆယ်ရဲ့အနေအထားက အားရစရာ မရှိသလို အခုအချိန်အထိ ဘင်နီတက်ဇ်ရဲ့ စိတ်ပျက်လက်ပျက်အသံတွေက နယူးကာဆယ် ဒီရာသီမှာ ကျဆင်းလာနိုင်တယ်ဆိုတာကို ပြတယ်။ စပါးကိုပဲ ကြိုက်တယ်။

■ ဘုန်းမောက် နှင့် ကာဒစ်ဖ် (စနေည ၈း၃၀ နာရီ)

ဘုန်းမောက်က အားထားရတဲ့တိုက်စစ်မှူး အဖိုဘီကိုရောင်းထုတ်လိုက်ပြီး လာလီဂါကလပ် လီဗန်တေးအသင်းရဲ့ လူငယ်ကြယ်ပွင့်ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ကိုလံဘီယာနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ လယ်မာကိုပြန်ခေါ်ထားတယ်။ အဝင်အထွက်ငြိမ်တယ်။ ကာဒစ်ဖ်က အားရစရာသိပ်မရှိပါဘူး။ အက်ဒီဟောင်းရဲ့အသင်းကို အဝေးကွင်းမှာ တောင့်ခံနိုင်မယ် မထင်ဘူး။ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။

■ ဖူလ်ဟမ် နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၈း၃၀ နာရီ)

ဖူလ်ဟမ်က ချိန်ဘာစ်၊ မီထရိုဗစ်၊ ရှိုလာ၊ မော်ဆန်တို့လို ကစားသမားကောင်းတွေကို အားဖြည့်ထားတယ်။ တန်းတက်အသင်းရဲ့ အဖွင့်စိန်ခေါ်မှုက အားရစရာအနေအထားမှာတော့ ရှိနေလိမ့်မယ်။ ပဲလေ့စ်က တောင့်တင်းတဲ့လူစာရင်းရှိသလို၊ ကစားသမားကောင်းတချို့လည်း ခေါ်နိုင်ခဲ့တယ်။ ဒါပေမဲ့ မနှစ်ကလို ရာသီအဖွင့်ယိုင်နေတာမျိုးကိုတော့ သတိပြုရမယ်။ ဇာဟာ-တောင်ဆန်အတွဲနဲ့ ပဲလေ့စ်ကိုပဲ ကြိုက်တယ်။

■ ဟတ်ဒါဖီးလ် နှင့် ချယ်လ်ဆီး (စနေည ၈း၃၀ နာရီ)

မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ ယော်ဂင်ဟိုရဲ့ ကစားပုံကအကောင်းကြီးမဟုတ်သေးပေမယ့် သူနဲ့ ဖာဘရီဂတ်စ်တို့ တွဲဖက်ကစားတဲ့အချိန်မှာ ချယ်လ်ဆီးကွင်းလယ်က ပုံစံကောင်း ပြနိုင်ခဲ့တာတွေ့ရတယ်။ ပြီးခဲ့တဲ့ရာသီက ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲ (၅)ခုစလုံးမှာ ဘောလုံးပေးပို့မှုအများဆုံးဖြစ်ခဲ့သူဖြစ်ပြီး ဆာရီရဲ့ကွင်းလယ်ကို ပိုကောင်းလာစေလိမ့်မယ်။ ချယ်လ်ဆီးရဲ့ကစားပုံကလည်း မိုရာတာကလွဲရင် တိုးတက်လာလို့ နိုင်ပွဲစယူလိမ့်မယ်။

Photos : AFP & Wikipedia

■ ဝက်ဖို့ဒ် နှင့် ဘရိုက်တန် (စနေည ၈း၃၀ နာရီ)

ဘရိုက်တန်က ပြီးခဲ့တဲ့နှစ် တန်းတက်ရာသီတုန်းက Pundits တွေမျှော်လင့်ထားတာထက် ပိုကောင်းတဲ့ အနေအထားကိုပြသနိုင်ခဲ့ပြီး တန်းဆင်းဇုန်ရဲ့အထက် (၇)မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့အဓိကရမှတ်စုဆောင်းမှုတွေကို အိမ်ကွင်းပွဲစဉ်တွေမှာမြင်ခဲ့ရပြီး အဝေးကွင်းအားနည်းပါတယ်။ ဝက်ဖို့ဒ်ရဲ့ဒီရာသီပြင်ဆင်မှုကမဆိုးဘူးလို့ ပြောရမယ်။ ဂိုးနည်းနိုင်ပြီး ဝက်ဖို့ဒ်ကပ်နိုင်ဖို့ရှိတယ်။

■ ဝုလ်ဗ် နှင့် အဲဗာတန် (စနေည ၁၁း၀၀ နာရီ)

ဝုလ်ဗ်ရဲ့ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ် ခြေအဆင့်အတန်း၊ ဒီရာသီအားဖြည့်ထားတဲ့ ယိုတာ၊ ဝီလီဘိုလီ၊ အဖိုဘီ၊ မော်တင်ဟို၊ ပတ်ထရီစီယို၊ ထရာအိုရေးတို့ရဲ့စုဖွဲ့မှု က အားရစရာကောင်းတယ်။ အဲဗာတန်ရဲ့တိုက်စစ်ပိုင်းကို မာကိုဆေးလ်ဗားက အရမ်းအာရုံစိုက်ပြီး ပြင်ဆင်နေပေမယ့် ခံစစ်က အားရစရာအနေအထားမှာမရှိသေးဘူး။ ဝုလ်ဗ်ကို ပိုကြိုက်တယ်။

Most Read

Most Recent