သြစတြေးလျလူငယ်ကစားသမား အာဇနီကို မန်စီးတီးအသင်း ခေါ်ယူခဲ့ပြီး ဆဲလ်တစ်အသင်းထံ အငှားချရန် စီစဉ်

သြစတြေးလျလူငယ်ကစားသမား အာဇနီကို မန်စီးတီးအသင်း ခေါ်ယူခဲ့ပြီး ဆဲလ်တစ်အသင်းထံ အငှားချရန် စီစဉ်
Published 10 August 2018

Photo: The Scottish Sun

မန်စီးတီးအသင်းသည် မဲလ်ဘုန်းစီးတီးအသင်းမှ သြစတြေးလျလက်ရွေးစင် လူငယ်ကစားသမား အာဇနီအား ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
အာဇနီသည် အသက်(၁၉)နှစ်သာရှိသေးသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သြစတြေးလျအသင်း၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။
အာဇနီကို သြစတြေးလျပရိသတ်များက ပြီးခဲ့သည့်နှစ်များကတည်းက အားပေးခဲ့ကြပြီး တောက်ပလာမည့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။
မန်စီးတီးအသင်းနှင့် မဲလ်ဘုန်းစီးတီးအသင်းတို့မှာ မိတ်ဖက်အသင်းများဖြစ်သည့်အတွက် မန်စီးတီးအသင်းက လက်ဦးမှုရယူကာ ခေါ်ယူစာချုပ်ခဲ့ခြင်းလည်းဖြစ်သည်။
သို့သော် မန်စီးတီးအသင်းသည် အာဇနီကို အသင်းတွင် အသုံးပြုဦးမည်မဟုတ်ဘဲ ဆဲလ်တစ်အသင်းထံ ပြန်လည်အငှားချသွားရန် စီစဉ်နေကြောင်း သိရှိရသည်။
၂၀၁၇-၁၈ ရာသီက သြစတြေးလျလိဂ်၏ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့သည့် တောင်ပံကစားသမား အာဇနီက ''ဥရောပမှာ ကစားခွင့်ရဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ ဒီစိန်ခေါ်မှုကို ယုံကြည်မှုအပြည့်နဲ့ ကျွန်တော် ရင်ဆိုင်သွားမှာပါ'' ဟုပြောကြားခဲ့သည်။

ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာကလည်း အာဇနီသည် မိမိတို့အသင်းထံ ရောက်လာတော့မည်ဟု အတည်ပြုခဲ့သည်။

Most Read

Most Recent