အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ

အာဆင်နယ်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ဝက်စ်ဟမ်းအသင်း ခေါ်ယူ
Published 9 August 2018

တိုက်စစ်မှူး ဝက်စ်ဟမ်းအသင်းသည် အာဆင်နယ်အသင်းမှ စပိန်တိုက်စစ်မှူး လူးကပ်စ်ပီရက်ဇ်ကို ပေါင်(၁၀)သန်းဝန်းကျင်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။
လူးကပ်စ်ပီရက်ဇ်သည် ၂၀၁၆ ခုနှစ်က ဒီပို့တီဗိုအသင်းမှ အာဆင်နယ်အသင်းသို့ ပေါင်(၁၇)သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းတွင် နေရာမရဘဲ ပြီးခဲ့သည့်ရာသီကလည်း ဒီပို့တီဗိုအသင်းထံ ပြန်လည်အငှားချခံခဲ့ရသည်။
ဝက်စ်ဟမ်းအသင်းက လူးကပ်စ်ပီရက်ဇ်ကို (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး အားကစားဒါရိုက်တာ မာရီယိုဟူဆီလော့စ်က ''သူက အတွေ့အကြုံကြွယ်ဝတဲ့ကစားသမားပါ။ သူ့အကြောင်းကို ကျွန်တော်ရော နည်းပြ ပယ်လီဂရီနီပါ ကောင်းကောင်းသိထားပါတယ်။ သူ့မှာ ထူးချွန်တဲ့နည်းစနစ်စွမ်းရည်တွေရှိနေသလို၊ အထောင်တိုက်စစ်မှူးအဖြစ်ရော၊ ဒုတိယတိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်ပါတယ်။ အသင်းနဲ့ အသားကျဖို့ အချိန်သိပ်ယူစရာမလိုဘူးလို့လည်း ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။
လူးကပ်စ်ပီရက်ဇ်ကလည်း ''အလွန်ပျော်ရွှင်ပြီး အလွန်စိတ်လှုပ်ရှားမိပါတယ်။ ပရီးမီးယားလိဂ်မှာ ဆက်ကစားနိုင်ဖို့ အခွင့်အရေးပေးခဲ့တဲ့အတွက်ရော၊ အသင်းရဲ့စီမံကိန်းအသစ်မှာ ပါဝင်ခွင့်ရတဲ့အတွက်ရော အလွန်ဝမ်းမြောက်မိပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent