မန်ယူအသင်း အဆင့်(၁၊ ၂) မဝင်နိုင်ဟု ဖာဒီနန် မှတ်ချက်ပြု

မန်ယူအသင်း အဆင့်(၁၊ ၂) မဝင်နိုင်ဟု ဖာဒီနန် မှတ်ချက်ပြု
Published 9 August 2018

 

Photo: World News

မန်ယူအသင်း၏ နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ရီယိုဖာဒီနန်က လာမည့် ၂၀၁၈-၁၉ ဘောလုံးရာသီတွင် မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်နိုင်သလို၊ အဆင့်(၂)လည်းရနိုင်မည်မဟုတ်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

"ကျွန်တော်က မန်ယူပရိသတ်တစ်ဦးပါ။ သူတို့ဖလား ဆွတ်ခူးတာလည်း မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒီရာသီက မန်ယူအတွက် အလွန်ကို ခက်ခဲမှာပါ။ မန် စီးတီးနဲ့ လီဗာပူးလ်အသင်းတွေကိုကျော်ပြီး သူတို့ရဲ့အထက်မှာ ရပ်တည်ဖို့က မလွယ်ကူပါဘူး"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဖာဒီနန်က လက်ရှိ မန်ယူအသင်းတွင် ကြုံတွေ့နေသော ပြဿနာများကြောင့် အသင်းနည်းပြ မော်ရင်ဟို၏ မန်ယူအနာဂတ်မှာလည်း ရေရှည်မရှိနိုင်ဟု သုံးသပ်ပြောကြားခဲ့သည်။

 

 

■  ဂွါဒီယိုလာကို အာဂျင်တီးနား FA ချဉ်းကပ်ခဲ့

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ကလော်ဒီယိုတာပီယာက အာဂျင်တီးနားလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ရန် မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကို မိမိတို့ ချဉ်းကပ်ကြိုးပမ်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းမှာ ရလဒ်ဆိုးများ ကြုံတွေ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်မှ ထွက်ခဲ့ရပြီးနောက် အာဂျင်တီးနား FA သည် အသင်းနည်းပြ ဆမ်ပါအိုလီနှင့် လမ်းခွဲခဲ့သည်။

ထို့နောက် အာဂျင်တီးနားအသင်းနည်းပြအဖြစ် ခန့်အပ်ရန် ဂွါဒီယိုလာကို ပစ်မှတ်ထားခဲ့ပြီး ၎င်းအတွက် လျော်ကြေးငွေပမာဏမှာ အလွန်များပြားနေခြင်းကြောင့် လက်လျှော့ခဲ့ရကြောင်း တာပီယာက ဝန်ခံခဲ့သည်။

လက်ရှိတွင် အာဂျင်တီးနားအသင်းကို ကစားသမားဟောင်းများဖြစ်သည့် ပါဘလိုအိုင်းမားနှင့် စကာလိုနီတို့က ယာယီတာဝန်ယူထားသည်။

Most Read

Most Recent