ပရီးမီးယားလိဂ်အသင်းများ၏ နွေရာသီအသုံးစရိတ် ပေါင် ၁ ဒသမ ၁၆ ဘီလျံအထိရှိလာ

ပရီးမီးယားလိဂ်အသင်းများ၏ နွေရာသီအသုံးစရိတ် ပေါင် ၁ ဒသမ ၁၆ ဘီလျံအထိရှိလာ
Published 8 August 2018

သြဂုတ် ၉ ရက်တွင် တရားဝင်ပိတ်သိမ်းမည့် ပရီးမီးယားလိဂ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်အသင်းများ၏နွေရာသီအသုံးစရိတ်ပေါင်းမှာ သြဂုတ် ၇ ရက် မြန်မာစံတော်ချိန် ညနေပိုင်းအထိ ပေါင် ၁ ဒသမ ၁၆ ဘီလျံအထိ ရှိလာကြောင်း သိရသည်။

ပရီးမီးယားလိဂ်အနေဖြင့် ၂၀၁၆-၁၇ ရာသီတွင် ပေါင် ၁ ဒသမ ၁၇ ဘီလျံ၊ ၂၀၁၇- ၁၈ ရာသီတွင် ပေါင် ၁ ဒသမ ၄၇ ဘီလျံ စသ ဖြင့် နွေရာသီအပြောင်းအရွှေ့ကာလ၌ တစ်ဘီလျံအမှတ်ကို ကျော်လွန်ခဲ့ပြီး ယခုရာသီမှာ သုံးရာသီဆက်တိုက်ဖြစ်ခဲ့သည်။

သို့သော် ပရီးမီးယားလိဂ်၏ယခုနွေရာ သီအသုံးစရိတ်မှာ စံချိန်သစ်ထပ်တင်ဖွယ် မရှိတော့ကြောင်းလည်း နာမည်ကြီး ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီ Deloitte က သုံးသပ်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရှစ်ရာသီဆက်တိုက် နွေရာသီအသုံးစရိတ်မြင့်တက်ခဲ့မှုမှာ ယခုနှစ်တွင် ရပ်တန့်ဖွယ်ရှိနေပြီး ပြီးခဲ့ သည့်ငါးရာသီဆက်တိုက် အသုံးစရိတ် စံချိန်တင်ခဲ့မှုကို ထပ်မံရိုက်ချိုးနိုင်ဖွယ် မရှိတော့ကြောင်း သိရသည်။

 

Deliitte က ပရီးမီးယားလိဂ်အပြောင်းအရွှေ့ကာလကို ရာသီသစ်မစတင်မီ ပိတ်သိမ်းခဲ့ခြင်းမှာလည်း ဈေးကွက်အတွင်း အသုံးစရိတ် လျော့ကျသွားစေနိုင်ခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု ရေးသားခဲ့သည်။

သို့သော် မန်ယူအသင်းက နောက်ခံလူတစ်ဦးကိုခေါ်ယူရန် အပြင်းအထန်ခေါ်ယူနေမှု၊ ချယ်လ်ဆီးအသင်းက  ရီးယဲလ်သို့ပြောင်းရွှေ့ဖွယ်ရှိသည့် ကော်တိုအာ၏နေရာတွင်အစားထိုးရန်အတွက် နာ မည်ကြီး ဂိုးသမားများကို ပစ်မှတ်ထားနေသောကြောင့် ပရီးမီးယားလိဂ်၏နွေရာသီအသုံးစရိတ်ပေါင်းမှာ ပြီးခဲ့သည့်ရာသီစံချိန်ကို ထပ်မံကျော်ဖြတ်ရန် မလွယ်ကူသော်လည်း ယင်းပမာဏဝန်းကျင်သို့ ရောက်ရှိသွားဖွယ် ရှိနေသည်။

ပရီးမီးယားလိဂ်အသင်းများတွင် လီဗာပူးလ်အသင်းက ပေါင် ၁၇၃ ဒသမ ၃  သန်းအထိသုံးစွဲကာ နွေရာသီအသုံးစရိတ် အများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး အ ခြားထိပ်သီးအသင်းများတွင် အာဆင်နယ်က ၇၁ ဒသမ ၄ သန်း၊ မန်ယူက ၆၄ ဒသမ ၂ သန်း၊ မန်စီးတီးက ၆၂ ဒသမ ၆ သန်း၊ ချယ်လ်ဆီးက ပေါင် ၅၀ ဒသမ ၄ သန်းနှင့် စပါးမှာမူ ငွေသုံးစွဲမှု မရှိသေးကြောင်း သိရသည်။

Most Read

Most Recent