ဘိုလာဆီအား ခေါ်ယူမည့်အသင်းကို အဲဗာတန်နည်းပြ မာကိုဆေးလ်ဗား ရှာဖွေ

ဘိုလာဆီအား ခေါ်ယူမည့်အသင်းကို အဲဗာတန်နည်းပြ မာကိုဆေးလ်ဗား ရှာဖွေ
Published 6 August 2018

 

Photo: Getty Images

အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားသည် အသင်း၏ကွင်းလယ်လူ ဘိုလာဆီအား ခေါ်ယူမည့်အသင်းကို ရှာဖွေနေကြောင်း သိရှိရသည်။ DR ကွန်ဂိုကွင်းလယ်လူ ဘိုလာဆီအား ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်မည့် ကစားသမားစာရင်းတွင် မထည့်သွင်းဘဲ ချန်လှပ်ထားရန် မာကိုဆေးလ်ဗားက ဆန္ဒရှိနေပြီး ၎င်းကိုလည်း အသင်းသစ်ရှာဖွေရန် အသိပေးထားကြောင်း သိရှိရသည်။

ဘိုလာဆီအား ခေါ်ယူရန် သူ၏အသင်းဟောင်း ခရစ္စတယ်ပဲလေ့စ်အသင်းက ပစ်မှတ်ထားနေကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။ ခရစ္စပဲလေ့စ်အသင်းသည် အသင်းကြီးများ ခေါ်ယူရန် စိတ်ဝင်စားနေသော ၎င်းတို့၏ တောင်ပံကစားသမား ဇာဟာ၏နေရာတွင် ဘိုလာဆီနှင့် အစားထိုးရန် ဆန္ဒရှိနေ ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘိုလာဆီသည် ၂၀၁၆ နွေရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းမှ အဲဗာတန်သို့ ရောက်ရှိလာသူဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ(၃၂)ပွဲ သာ ကစားခွင့်ရရှိခဲ့သူဖြစ်သည်။

Most Read

Most Recent