ဇန်နဝါရီတွင် မန်ယူအသင်းသို့ အီဘရာဟီမိုဗစ် ပြန်လာဖွယ်ရှိဟု Sunday Express ဖော်ပြ

ဇန်နဝါရီတွင် မန်ယူအသင်းသို့ အီဘရာဟီမိုဗစ် ပြန်လာဖွယ်ရှိဟု Sunday Express ဖော်ပြ
Published 6 August 2018

 

 

Photos: Getty Images

LA Glaxy အသင်းမှ ဆွီဒင်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်သည် လာမည့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းသို့ ပြန်လာဖွယ်ရှိနေသည်ဟု Sunday Express သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ရာသီသစ်အတွက် တိုက်စစ်မှူး တစ်ဦးခေါ်ယူရန် စီစဉ်ခဲ့သော်လည်း ယခုအနေအထားအရ အဆင်ပြေဖွယ်မရှိကြောင်း သိရသည်။ ထို့ကြောင့် မော်ရင်ဟိုသည်အဓိကတိုက်စစ်မှူး လူကာကူ၏နေရာတွင် လိုအပ်ပါက သုံးနိုင်ရန်အတွက် အီဘရာဟီမိုဗစ်အား အသင်း၌ လာကစားပေးရန် တောင်းဆိုသွားဖွယ်ရှိနေကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။

ဇန်နဝါရီလမှာ မေဂျာလိဂ်ပြိုင်ပွဲကို ရပ်နားထားသည့်အချိန်ဖြစ်ရာ အီဘရာဟီမိုဗစ်အနေဖြင့် ၎င်းနှင့်ဆက်ဆံရေးကောင်းများရှိသည့် မော်ရင်ဟိုသာ လိုအပ်ပါက မန်ယူအသင်းသို့ ပြန်လာရန် အသင့်ရှိနေကြောင်း သိရသည်။

အီဘရာဟီမိုဗစ်သည် မန်ယူအသင်းတွင် ၂၀၁၆ ခုနှစ်၊ ဇူလိုင် (၁) ရက်မှ ၂၀၁၈ ခုနှစ်၊ မတ်လ (၂၂)ရက်အထိ ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲကစားရာ (၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်ဖလား၊ လိဂ်ဖလားနှင့် ကွန်မြူနတီဒိုင်းများ ရရှိခဲ့သည်။

Most Read

Most Recent