၂၀၁၈ ကွန်မြူနတီဒိုင်းပြိုင်ပွဲ အကြိုသုံးသပ်ချက်

၂၀၁၈ ကွန်မြူနတီဒိုင်းပြိုင်ပွဲ အကြိုသုံးသပ်ချက်
Published 5 August 2018

ချယ်လ်ဆီး - မန်စီးတီး

ကစားမည့်ကွင်း- ဝင်ဘလေကွင်း၊ ဒိုင်လူကြီး- ဂျွန်မော့စ်

အချိန်- ည ၈း၃၀ နာရီ၊ ပြသမည့်ရုပ်သံလိုင်း- My Sports Facebook

နောက်ဆုံးတွေ့ဆုံမှု- မန်စီးတီး (၁-ဝ) ချယ်လ်ဆီး (ပရီးမီးယားလိဂ်)

 

ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ပြီးခဲ့တဲ့ရာသီမှာ ချယ်လ်ဆီးကို နှစ်ကျော့စလုံးအနိုင်ရ ထားသလို လက်ရှိချယ်လ်ဆီးနည်းပြ ဆာရီရဲ့ နာပိုလီအသင်းကိုလည်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နှစ်ကျော့စလုံး အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားသမားအများဆုံး စေလွှတ်ခဲ့ရတဲ့ကလပ်ဖြစ်ပြီး ဒီဘရိုင်းနားနဲ့ စတာလင်ကလွဲလို့ လူစုံနေပြီဆိုပေမဲ့ ပူးပေါင်းလေ့ကျင့်ချိန် သိပ်မရသေးပါဘူး။ ချယ်လ်ဆီးအသင်းကတော့ ဟာဇက်၊ ကော်တိုအာတို့ကလွဲလို့ အဓိက ကစားသမားအများစုပါဝင်နိုင်မှာဖြစ်ပြီး ဆာရီရဲ့စိတ်ကြိုက် ယော်ဂင်ဟိုလည်း ပွဲစကတည်းကပါဝင်မှာ သေချာပါတယ်။ ရန်ပုံငွေပွဲဖြစ်လို့ နှစ်သင်းစလုံး အားကုန်ထုတ်ကစားဖို့ မသေချာဘဲ ချယ်လ်ဆီးအသင်း ကပ်ပြီးအနိုင်ရသွားနိုင်တယ်။

Most Read

Most Recent