International Champions Cup ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

International Champions Cup ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 4 August 2018

အင်တာမီလန် နှင့် လိုင်ယွန် (တနင်္ဂနွေနံနက် ၀၀း၃၅ နာရီ)

ဒီပွဲက အီတလီမြေမှာ ကစားမှာဖြစ်ပေမယ့် လက်ချီမြို့ကကွင်းမှာ ကျင်းပဖို့စီစဉ်ထားတာပါ။ အင်တာမီလန်အသင်းဟာ ရာသီကြိုခြေစမ်းပွဲ ပွဲဦးထွက်မှာ အနိုင်ရပြီးကတည်းက (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပါတယ်။ ဒီတစ်ပွဲတော့ အင်တာမီလန် နိုင်ပွဲပြန်ရဖို့များတယ်။

ရီးယဲလ်မက်ဒရစ် နှင့် ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၄း၃၅ နာရီ)

ရီးယဲလ်မက်ဒရစ်အသင်းက ICC ပွဲဦးထွက်မှာ မန်ယူအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ ရီးယဲလ်နည်းပြသစ် လိုပယ်တယ်ဟီ အနေနဲ့ (၂)ပွဲဆက်အရှုံးတော့ အဖြစ်ခံမယ်မထင်ဘူး။ မန်ယူနဲ့ပွဲမှာတော့ ကွင်းလယ်နဲ့ခံစစ်ပိုင်းမှာ လူငယ်ကစားသမားတွေကို လိုပယ်တယ်ဟီ ပွဲထုတ်ခဲ့တာဖြစ်ပြီး အခုပွဲမှာ အမာခံကစားသမားတချို့ကို အသုံးပြုလာနိုင်တယ်။ ဂျူဗင်တပ်စ်ရဲ့ ICC လူစာ ရင်းမှာ စီရော်နယ်လ်ဒိုအပြင် ဟီဂွါအင်၊ ဒီဘားလား၊ ကွာဒရာဒိုတို့ မပါဝင်ပါဘူး။ ဒါပေမဲ့ ကျန်ကစားသမားအင်အားကလည်း အတော်လေးတောင့်တင်းမှုရှိတယ်။ ပြီးခဲ့တဲ့ ICC (၂)ပွဲစလုံးကိုလည်း ဂျူဗင်တပ်စ် အနိုင်ကစားထားပါတယ်။ ဂျူဗင်တပ်စ်အတွက် ဖာဗယ်လီ၊ ကလီမန်ဇာတို့လို လူငယ်ကြယ်ပွင့်တွေ ဂိုးတွေသွင်းပေးနိုင်နေတာက အမေရိကခရီးစဉ်မှာ အမြတ်ထွက်တာပါပဲ။ ဂျူဗင်တပ်စ်အသင်း မိနစ်(၉၀)အတွင်း မရှုံးနိုင်ဘူး။

အေစီမီလန် နှင့် ဘာစီလိုနာ (တနင်္ဂနွေနံနက် ၆း၃၅ နာရီ)

ဘာစီလိုနာရဲ့အရန်ကစားသမားတွေဖြစ်တဲ့ လူငယ်တွေက စွမ်းဆောင်ရည်မဆိုးပါဘူး။ ပြဿနာကတော့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဒုတိယပိုင်းမှာ အကယ်ဒမီကစားသမားတွေ ထည့်လိုက်ချိန်မှာ အသင်းပုံစံပျက်သွားပြီး ဂိုးတွေပေးလိုက်ရတာပါ။ အေစီမီလန်ကလည်း လူစုံကစားနေပေမယ့် ရလဒ်မကောင်းသေးဘူး။ ဘာစီလိုနာ အနိမ့်ဆုံးသရေနဲ့အနိုင်ပါပဲ။

 

Most Read

Most Recent