<

International Champions Cup ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် ရီးယဲလ်မက်ဒရစ် (ဗုဒ္ဓဟူးနံနက် ၆း၃၅ နာရီ)

မန်ယူအသင်းအတွက် ICC နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းကတော့ အခုမှ ပထမဆုံးပွဲစဉ်ကို စတင်ကစားတာပါ။ မန်ယူအသင်းက အမေရိကခရီးစဉ်မှာ ICC ပွဲတွေအပါအ၀င် ရာသီကြိုခြေစမ်းပွဲ (၄)ပွဲအထိ ကစားထားပြီးပါပြီ။ ဒီ (၄)ပွဲမှာ အေစီမီလန်တစ်သင်းကိုသာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီး သာမန်ပွဲကစားချိန်အတွင်း တစ်ပွဲမှ အနိုင် မရခဲ့ပါဘူး။ ICC ပွဲတွေမှာ မန်ယူနဲ့ ရီးယဲလ်တို့ (၂)ကြိမ်တိုင် တွေ့ဆုံဖူးပြီး မန်ယူက ပယ်နယ်တီနဲ့ အနိုင်ယူခဲ့တဲ့ (၁)ပွဲအပါအ၀င် (၂)ပွဲစလုံး အနိုင်ရထားပါတယ်။ လက်ရှိလူစာရင်းမှာတော့ ရီးယဲလ်အသင်းက ပိုတောင့်တင်းပြီး မိုဒရစ်၊ ကက်စမဲရိုး၊ ဗာရန်း၊ မာဆယ်လို၊ ကိုဗာချစ်တို့ကလွဲလို့ လူစုံပါနေတယ်။ ဒါ့အပြင် ရီးယဲလ်နည်းပြသစ် လိုပယ်တယ်ဟီရဲ့ပွဲဦးထွက်ဖြစ်တာကိုလည်း ထည့်တွက်ရမယ်။ ရီးယဲလ်ပဲ နိုင်ဖို့များပါတယ်။

စပါး နှင့် အေစီမီလန် (ဗုဒ္ဓဟူးနံနက် ၇း၀၅ နာရီ)

အေစီမီလန်အသင်းမှာ အဓိက ကစားသမားအားလုံး ခေါ်ဆောင်လာပြီး ပြီးခဲ့တဲ့ မန်ယူအသင်းနဲ့ပွဲမှာလည်း လူစုံထုတ်ကစားခဲ့တာတွေ့ရတယ်။ စပါးအသင်းရဲ့ ICC ပြိုင်ပွဲဝင် လူစာရင်းကလည်း အထိုက်အလျောက်တော့ တောင့်တင်းမှုရှိပါတယ်။ ရိုးမားကို ဂိုးပြတ်နိုင်ခဲ့တဲ့ စပါးအသင်း အခုပွဲမှာတော့ ထင်သလောက်မလွယ်နိုင်လို့ အေစီမီလန်နဲ့ပဲ စွန့်စားသင့်တယ်။

ဘာစီလိုနာ နှင့် ရိုးမား (ဗုဒ္ဓဟူးနံနက် ၈း၃၅ နာရီ)

ဘာစီလိုနာအသင်းအဖို့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အရှုံးကို ပြန်လက်စားချေနိုင်ဖို့ အခွင့်အရေးပါပဲ။ ဘာစီလိုနာရဲ့လက် ရှိလူစာရင်းမှာတော့ အဓိက ကစားသမားအများစု ပါဝင်လာခြင်းမရှိပါဘူး။ ဒါပေမဲ့ ဘာစီလိုနာရဲ့အရန်ကစားသမားပိုင်းက ဆွန် ဟောင်မင်၊ အဲရစ်ဆင်၊ ဆစ်ဆိုကို၊ လူးကပ်စ်မော်ရာတို့ပါဝင်ကစားတဲ့ စပါးအသင်းကို ပထမပိုင်းမှာ (၂)ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာ သတိပြုသင့်ပါတယ်။ ဒုတိယပိုင်းမှာတော့ အကယ်ဒမီကစားသမားတွေထည့်ခဲ့လို့ (၂)ဂိုး ပြန်ပေးခဲ့ရတာပါ။ ရိုးမား ကစားသမားပိုင်း ပိုတောင့်ပေမယ့် ဘာစီလိုနာကိုပဲ ရွေးချယ်ချင်တယ်။

July 31, 2018














Copy Protected by Chetan's WP-Copyprotect.