<

ပရီးမီးယားလိဂ်ရာသီသစ်တွင် ပထမဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် မော်ရင်ဟို ရေပန်းအစားဆုံးဖြစ်လာ

 

မန်ယူအသင်းနည်းပြ မော်ရင်ဟို သည် လာမည့်သြဂုတ်လ(၁၀)ရက်နေ့တွင် စတင် ကျင်းပမည့် ၂၀၁၈-၁၉ ပရီးမီးယားလိဂ်ပြိုင် ပွဲရာသီသစ်တွင် ပထမဆုံးထုတ်ပယ်ခံရမည့် နည်းပြအဖြစ် ရေပန်းစားနေကြောင်း ဗြိတိန် သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

မော်ရင်ဟို၏ မန်ယူအသင်းသည် ရာ သီကြိုကာလတွင် စိတ်ကျေနပ်လောက် ဖွယ်ပြင်ဆင်နိုင်သည့် အနေအထားမရှိဘဲ ဇူလိုင် (၂၇) ရက်နေ့က ကစားခဲ့သည့်  International Champions Cup ပွဲစဉ်တွင် မဟာပြိုင်ဘက် လီဗာပူးလ်အသင်းအား (၁-၄) ဂိုးဖြင့် ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ ရပြီးနောက် မော်ရင်ဟို၏အနာဂတ်မှာ ပိုမို လှုပ်ခတ်လာခဲ့သည်။

ဘောလုံးလောင်း ကစားကုမ္ပဏီ အများစုတွင် မော်ရင်ဟိုကို အစောဆုံးထုတ်ပယ်ခံရမည့်နည်းပြအဖြစ် ထိပ်ဆုံး၌ထားရှိကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင် ပွဲတွင် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းစာရင်း၌ ပါဝင်နေသော်လည်း အသင်းနည်းပြ မော်ရင်ဟိုမှာမူ စောစီးစွာ ထုတ် ပယ်ခံရမည့်နည်းပြအဖြစ် ဖျူရယ်လ် (လက်စတာ)၊ ဟာဗီဂါစီယာ(၀က်ဖို့ဒ်)၊ ဘင် နီတက်ဇ်(နယူးကာဆယ်)တို့၏ အထက် တွင် ရပ်တည်နေလျက်ရှိသည်။

မော်ရင်ဟို ၏ မန်ယူအသင်းသည် ယခုရာသီကြိုကာလ တွင် ကလပ်အမေရိက၊ ဆန်ဟိုဆေး၊ အေစီ မီလန်၊ လီဗာပူးလ်အသင်းများနှင့် ခြေစမ်းပွဲ ကစားထားသော်လည်း အေစီမီလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရ သည့်တစ်ပွဲသာ နိုင်ပွဲရှိခဲ့ပြီး ပွဲချိန်မိနစ် (၉၀)အတွင်း အနိုင်ရသည့်ပွဲ လုံးဝမရှိသေးခြင်းဖြစ်သည်။

Daiy Mail မှရေးသားထားသည့်သတင်းတွင် ထုတ်ပယ်ခံရမည့်နည်းပြ ရေးပန်းစားမှုအလေးပေးချက်မျာကို ထည့်သွင်းထားခြင်းမရှိကြောင်း သိရသည်။

Photos : AFP

July 30, 2018














Copy Protected by Chetan's WP-Copyprotect.