<

နောက်ကျသွင်းဂိုးကြောင့် ထိုင်းကိုမြန်မာရှုံးနိမ့်ပြီးဗိုလ်လုပွဲနှင့်လွဲချော်

Photo – ညီညီစိုးညွန့်

ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် မြန်မာနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်ကျသွင်းဂိုးကြောင့် မြန်မာအသင်းမှာ ထိုင်းကို (၁-၀) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ယနေ့ပွဲတွင် ဂိုးသမား ဆန်းဆက်နိုင်၊ နောက်တန်း ဟိန်းသီဟဇော် ၊သီဟထက်အောင်၊ နန်းဝေမင်း၊ အလယ်တန်း စည်သူအောင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ရှေ့တန်း အောင်သူ၊သန်းပိုင်တို့ဖြင့် ပွဲထွက်လာခဲ့သည်။ မြန်မာအသင်းသည် ပွဲကစားချိန် မိနစ်(၃၀)၀န်းကျင်အထိ ကစားပုံ မတည်မငြိမ်ဖြစ်ခဲ့ပြီးအလယ်တန်းမှာလည်း ဘောလုံးအပျက်များခဲ့သည်။ပထမပိုင်းတွင် မြန်မာအသင်း အပိုင် ဂိုးရနိုင်သည့် အခွင့်အရေးမရရှိခဲ့သလို ထိုင်းအသင်းမှာလည်း အခွင့်အရေးများစွာ မရရှိခဲ့ပေ။(၄၉)မိနစ်တွင် ပြစ်ဒဏ်ဘောကတဆင့် ထိုက်ထိုက်အောင် အပြင်းကန်သွင်းခဲ့မှုကို ထိုင်းဂိုးသမား ပုတ်ထုတ်နိုင်ခဲ့သောကြောင့် မြန်မာတို့ နစ်နာခဲ့ ရသည်။

ဒုတိယပိုင်းတွင် မောင်မောင်လွင်အစား အောင်ကောင်မာန်၊ စည်သူအောင်အစား ရှိုင်းသူရတို့ဝင်ရောက်လာခဲ့ပြီး မိနစ်(၉၀)အထိ နှစ်ဖက် ဂိုးမရှိ သရေဖြစ်နေခဲ့သည်။ နာကျင်အချိန်ပို ၆ မိနစ် သတ်မှတ်ပေးခဲ့ပြီး ပွဲပြီးဆုံးရန် ၁ မိနစ်အလိုတွင် ဘယ်ခြမ်းက ဖြတ်တင်ဘောကို ထိုင်းအသင်းခေါင်းဆောင် တိုက်စစ်မှူး ချန်ရော့ပ်က သီဟထက်အောင်နှင့် ယှဉ်ပြီး ခေါင်းတိုက် သွင်းယူနိုင်ခဲ့သော ကြောင့် မြန်မာတို့ အရှုံးပေးခဲ့ရကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရသည်။

မြန်မာအသင်းသည် လာမည့် သြဂုတ်(၂၉) ရက်တွင် ကြေးတံဆိပ်ဆုအတွက် တတိယနေရာလုပွဲ ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည် ဖြစ်သည်။

August 26, 2017














Copy Protected by Chetan's WP-Copyprotect.