International Champions Cup ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

International Champions Cup ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 28 July 2018

အာဆင်နယ် နှင့် PSG (စနေည ၆း၀၅ နာရီ)

အာဆင်နယ်ရဲ့စင်ကာပူခရီးစဉ်မှာ လစ်ချ်စတိုင်နာ၊ တော်ရဲရားတို့ကလွဲလို့ ကျန်ကစားသမားသစ်(၃)ဦးကို ခေါ်ဆောင် လာတာတွေ့ရတယ်။ PSG ရဲ့ ကွင်းလယ်မှာ ဒရက်ဇ်လာ၊ ရာဘီယူ၊ ဗာရက်တီ၊ ဆယ်လ်ဆိုတို့ရှိလို့ အထိုင်မပျက်ပေမယ့် နောက်တန်းနဲ့ တိုက်စစ်ပိုင်းကတော့ သမ္ဘာနုတဲ့လူငယ်တွေ များနေပါတယ်။ အာဆင်နယ် ရှုံးဖို့မရှိပါဘူး။

ဘင်ဖီကာ နှင့် ဂျူဗင်တပ်စ် (စနေည ၁၁း၃၅ နာရီ)

ဂျူဗင်တပ်စ်အသင်းမှာ အဓိကကစားသမားအစုံအလင် မပါဝင်လာခဲ့ဘူး။ အထူးသဖြင့် ဟီဂွါအင်၊ မန်ဇူကစ်၊ ဒီဘားလားတို့မရှိတဲ့ တိုက်စစ်ပိုင်းက အားအနည်းဆုံးအပိုင်းလို့တောင် ဆိုနိုင်တယ်။ ဘင်ဖီကာမှာ ကစားသမားအဝင်အထွက်များပေမယ့် အသင်းအတွက် ထူးဆန်းတဲ့အရာ မဟုတ်ပါဘူး။ ဘင်ဖီကာနဲ့ပဲ စွန့်စားသင့်တယ်။

ချယ်လ်ဆီး နှင့် အင်တာမီလန် (တနင်္ဂနွေနံနက် ၀၀း၃၅ နာရီ)

(၂)သင်းစလုံးအတွက် ICC ပွဲဦးထွက်ပွဲစဉ်ဖြစ်ပြီး ပြင်သစ်မြေမှာ ကစားမှာပါ။ ချယ်လ်ဆီးနည်းပြသစ် ဆာရီအနေနဲ့ စီးရီးအေပြိုင်ဘက်ဟောင်း အသင်းနဲ့ ပြန်လည်တွေ့ဆုံမှုမှာ ရလဒ်မဆိုးအောင် ကြိုးပမ်းမှာသေချာပါတယ်။ အင်တာမီလန် ကတော့ ခြေစမ်းပွဲတွေမှာ သိပ်မစွံပါဘူး။ ချယ်လ်ဆီးအသင်းပဲ အနိုင်ရဖို့များတယ်။

မန်ယူ နှင့် လီဗာပူးလ် (တနင်္ဂနွေနံနက် ၃း၃၅ နာရီ)

လီဗာပူးလ်အသင်းအတွက် ICC နောက်ဆုံးပွဲစဉ်ဖြစ်ပြီး မန်ယူကတော့ ဒုတိယမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမှာပါ။ ICC ပြိုင်ပွဲသမိုင်းမှာ မန်ယူနဲ့ လီဗာပူးလ်တို့ ၂၀၁၄ ပြိုင်ပွဲ (၁)ကြိမ်သာ တွေ့ဆုံဖူးပြီး မန်ယူအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရရှိထား ခဲ့ပါတယ်။ အခုနှစ် ICC ပြိုင်ပွဲလူစာရင်းမှာတော့ လီဗာပူးလ်က မန်ယူအသင်းထက် ကစားသမားအင်အား ပိုတောင့်တင်းပါတယ်။ မန်ယူအသင်းအနေနဲ့ လက်ရှိအမေရိကခရီးစဉ်ကို ခေါ်ဆောင်လာတဲ့စာရင်းထဲက အကောင်းဆုံး Line-up ကို ပွဲထုတ် လာခဲ့ရင်တောင် ခံစစ်ပိုင်းမှာ ကွာခြားချက်နည်းပြီး ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာတော့ များစွာစကားပြောသွားလိမ့်မယ်။ ရာသီ ကြိုခြေစမ်းပွဲဖြစ်ပေမယ့် အင်္ဂလန်ဒါဘီပွဲစဉ်ဖြစ်နေတဲ့အပြင် (၂)သင်းစလုံးအတွက် ဂုဏ်သိက္ခာပိုင်းအရ ကစားဖို့လည်းရှိနေတယ်။ လီဗာပူးလ်တိုက်စစ်မှာ မာနေ၊ ဆာလာတို့သာ ပွဲထွက်ကစားရင်တော့ မန်ယူအသင်း မလွယ်လောက်ဘူး။ လီဗာပူးလ် အနိမ့်ဆုံးသရေကစားမယ်။

ဘိုင်ယန်မြူးနစ် နှင့် မန်စီးတီး (တနင်္ဂနွေနံနက် ၅း၃၅ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းမှာ PSG နဲ့ကစားတဲ့လူစာရင်းထဲက ကောလာဟလတွေထွက်နေတဲ့ ဗီဒယ်လ်ကလွဲလို့ ကျန်ကစားသမား(၂၅)ဦးစလုံးနဲ့ အမေရိကခရီးစဉ် ထွက်လာခဲ့တာပါ။ မန်စီးတီးမှာတော့ လာပေါ့တ်၊ ဆာနေး၊ ဘာနာဒိုဆေးလ်ဗား၊ မာရက်ဇ်တို့လောက်သာ ပထမအသင်းကစားသမားပါဝင်ပြီး နည်းပြ ဂွါဒီယိုလာကလည်း ICC ပြိုင်ပွဲကို သိပ်အာရုံထားပုံမရပါဘူး။ ဘိုင်ယန်နည်းပြသစ် နီကိုကိုဗက်အဖို့ကတော့ တာအထွက်မှာ ရလဒ်တွေကောင်းနေဖို့ လိုအပ်နေတယ်။ ဘိုင်ယန်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဘာစီလိုနာ နှင့် စပါး (တနင်္ဂနွေနံနက် ၉း၃၅ နာရီ)

ဘာစီလိုနာအသင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ အာသာ၊ လွန်းဂလတ်တို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ အဓိက ကစားသမားအများစုမပါဝင်တဲ့ လူစာရင်းပိုင်းက စပါးအသင်းလောက်တောင် အင်အားမတောင့်ပါဘူး။ စပါးမှာက အဲရစ်ဆင်၊ ဆွန်ဟောင်မင်၊ လာမယ်လာ၊ ဒါဗင်ဆန်ဆန်းချက်ဇ်တို့လို အသင်းကိုထိန်းမယ့်သူတွေရှိနေတယ်။ စပါးကိုပဲ ရွေးချင်တယ်။

Most Read

Most Recent