<

နိုင်ငံနှင့် ပရိသတ်အတွက် အကောင်းဆုံးကြိုးစားမည်ဟု အောင်ကောင်းမာန် ပြောကြား

မြန်မာ ယူ-၂၂ အမျိုးသားအသင်း တိုက် စစ်မှူး အောင်ကောင်းမာန်က ယနေ့ ယှဉ်ပြိုင် ကစားမည့် ထိုင်းအသင်းနှင့်ပွဲတွင် နိုင်ငံနှင့် ပရိသတ်အတွက် အကောင်းဆုံးကြိုးစားကစား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အမျိုးသားအသင်း တိုက် စစ်မှူး အောင်ကောင်းမာန်က ယနေ့ ယှဉ်ပြိုင် ကစားမည့် ထိုင်းအသင်းနှင့်ပွဲတွင် နိုင်ငံနှင့် ပရိသတ်အတွက် အကောင်းဆုံးကြိုးစားကစား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အောင်ကောင်းမာန်က”ထိုင်းအသင်း ဆိုတာ အာဆီယံမှာ အသင်းကြီးတစ်သင်းပါ။  ဒီလိုအသင်းမျိုးကို ရင်ဆိုင်ဖို့ ကျွန်တော်တို့မှာ အင်အားအပြည့်ရှိပါတယ်။ နိုင်ငံနဲ့ ပရိသတ် အတွက် ဆီမီးဖိုင်နယ်ပွဲမှာ ထိုင်းကို အနိုင် ကစားသွားမှာပါ”ဟု ပြောကြားသည်။

အောင် ကောင်းမာန်သည် ယခုပြိုင်ပွဲတွင် အချို့ပွဲ များ၌ ပွဲထွက်ကစားခွင့်ရခဲ့သူဖြစ်ပြီး ဘရူနိုင်း အသင်းနှင့်ပွဲတွင် နှစ်ဂိုးသွင်းယူထားသည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို ဆီးဂိမ်းစ် ပြိုင်ပွဲတွင် အနိုင်မရသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့်နေပြီဖြစ်ပြီး ၁၉၈၃ ပြိုင်ပွဲ အုပ်စု အဆင့်တွင် နောက်ဆုံးအနိုင်ရခဲ့ခြင်းဖြစ် သည်။ မြန်မာအသင်းသည် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် ထိုင်းအသင်းနှင့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ၁၃ ကြိမ်မြောက် တွေ့ဆုံခဲ့ပြီး ယခု အကြိမ်မှာ ၁၄ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ် သည်။ ပြီးခဲ့သည့် ၁၃ ကြိမ်တွင် မြန်မာအသင်း သည် တစ်ကြိမ်သာ သရေကျခဲ့ပြီး ၁၂ ကြိမ် အထိ ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းအား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နှစ် ၃၀ ကျော် အနိုင်မရမှုကို ယခုပွဲတွင် အဆုံး သတ်ရမည်ဖြစ်သည်။

August 26, 2017














Copy Protected by Chetan's WP-Copyprotect.