<

မြန်မာအမျိုးသားဟော်ကီအသင်း နိုင်ပွဲပြန်ရပြီး သုံးပွဲကစား ခုနစ်မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်

အမျိုးသားဟော်ကီပြိုင်ပွဲ စတုတ္ထနေ့ပွဲ စဉ်အဖြစ် သြဂုတ် ၂၅ ရက်တွင် မြန်မာအသင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

Phot0 – ညီညီစိုးညွန့်

အမျိုးသားဟော်ကီပြိုင်ပွဲ စတုတ္ထနေ့ပွဲ စဉ်အဖြစ် သြဂုတ် ၂၅ ရက်တွင် မြန်မာအသင်း နှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရပြီး နိုင်ပွဲပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲစဉ် တွင် ထိုင်းအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရ ခဲ့သော်လည်း ဒုတိယပွဲတွင် စင်ကာပူအသင်း နှင့် နှစ်ဂိုးစီသရေကျထားကာ တတိယပွဲတွင် နိုင်ပွဲပြန်လည်ရရှိခြင်းဖြစ်သည်။

မြန်မာ အသင်းအနေဖြင့် နိုင်ပွဲရရှိရန် ရုန်းကန်ခဲ့ရ ပြီး အနိုင်ဂိုးနှစ်ဂိုးကို ၄၉ မိနစ်တွင် ငြိမ်းချမ်း အောင်နှင့် ၅၄ မိနစ်တွင် သက်ထွေးတို့က သွင်းယူပေးခဲ့သည်။ မြန်မာအသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် အုပ်စုပွဲစဉ်သုံးပွဲ ကစားအပြီးတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျ ကာ ခုနစ်မှတ်ရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

မြန်မာ အသင်း၏နောက်တွင် အိမ်ရှင်မလေးရှား အသင်းက တစ်ပွဲလျော့ ခြောက်မှတ်၊ စင်ကာ ပူအသင်းက တစ်ပွဲလျော့ လေးမှတ်ဖြင့် ရပ် တည်လျက်ရှိပြီး ထိုင်းနှင့် အင်ဒိုနီးရှားအသင်း တို့ အမှတ်မရသေးပေ။ ယခုပြိုင်ပွဲတွင် အဆင့် (၁-၂) နေရာရပ်တည်နိုင်သည့်နှစ်သင်း ဗိုလ် လုပွဲနှင့် (၃-၄) နေရာရပ်တည်နိုင်သည့်နှစ် သင်း တတိယလုပွဲကစားရမည်ဖြစ်သည်။

August 26, 2017














Copy Protected by Chetan's WP-Copyprotect.