ဆီမီးပွဲအတွက် လက်မှတ် ၂၀၀၀ အခမဲ့ဝေငှမည်ဖြစ်ပြီး လက်မှတ်အရေအတွက် ၆၀၀၀ ရရှိ

ဆီမီးပွဲအတွက် လက်မှတ် ၂၀၀၀ အခမဲ့ဝေငှမည်ဖြစ်ပြီး လက်မှတ်အရေအတွက် ၆၀၀၀ ရရှိ
Published 26 August 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ် အမျိူးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှ လက်မှတ် ၂၀၀၀ အား ပရိသတ်များအတွက် အခမဲ့ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။

Photo - ညီညီစိုးညွန့်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF သည် ယနေ့ ယှဉ်ပြိုင်ကစားမည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့၏ ဆီးဂိမ်းစ် အမျိူးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲမှ လက် မှတ် ၂၀၀၀ အား ပရိသတ်များအတွက် အခမဲ့ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။  ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ဆီမီးဖိုင်နယ် ပွဲအတွက် ရရှိသည့်လက်မှတ်ခွဲတမ်း ၆၀၀၀ အား မြန်မာ ပရိသတ်များအတွက် ရောင်းချပေးမည်ဖြစ်ပြီး MFF သည် ယင်းအနက် ၂၀၀၀ အား ဝယ်ယူကာ ပရိသတ်များအား အခမဲ့ပေးဝေသွားမည်ဖြစ်သည်။ ထို့ပြင် မြန်မာအသင်းဂျာစီ များကိုလည်း လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ကျန်ရှိ သည့် လက်မှတ် ၄၀၀၀ ကို ပွဲကျင်းပမည့် ဆီလာယန်ကွင်း၌ သြဂုတ် ၂၆ ရက် (ယနေ့) နံနက်ပိုင်းတွင် စတင်ရောင်းချပေး သွားမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်း ဆီမီး ဖိုင်နယ်ကျင်းပမည့် ဆီလာယန်ကွင်းသည် ပရိသတ် ၁၆၀၀၀ ဆံ့ကွင်းဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲဖြစ်သည့် စင်ကာပူအသင်းနှင့်ပွဲကို ယင်းကွင်း၌ ကစားခဲ့ရသည်။ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပရိသတ်များ သည် ယခုပြိုင်ပွဲတွင် မြန်မာ ယူ-၂၂ အသင်း၏ ပွဲစဉ်တိုင်း အား လိုက်လံအားပေးလျက်ရှိပြီး အိမ်ရှင်မလေးရှားအသင်း နှင့် အုပ်စုနောက်ဆုံးပွဲတွင် ပရိသတ် ၈၀၀၀ ကျော် လာရောက် အားပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent