<

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးပွဲများ သြဂုတ်(၂၆)ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ-ထိုင်း၊ မလေးရှား-အင်ဒို တွေ့ဆုံ

Photo – ညီညီစိုးညွန့်

ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင် ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် (၂၆) ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် လက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် တွေ့ဆုံနေကြောင်း သိရ သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းနှင့် မြန်မာ၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံနေသည်။  ဆီးဂိမ်းစ်အမျိုးသားဘောလုံး ပြိုင် ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် (၂၆) ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ အသင်းသည် လက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် တွေ့ဆုံနေကြောင်း သိရ သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းနှင့် မြန်မာ၊ အိမ်ရှင်မလေးရှားနှင့် အင်ဒိုနီးရှားအသင်းတို့ တွေ့ဆုံနေသည်။  အုပ်စုနောက်ဆုံးပွဲစဉ်များကို သြ ဂုတ်(၂၄၊ ၂၅) ရက်က ဆက်လက်ကျင်း ပခဲ့ပြီး အုပ်စု(က) တွင် အိမ်ရှင်မလေးရှား က လာအိုကို (၃-၁) ဂိုး၊ စင်ကာပူက ဘရူနိုင်းကို (၁-၀) ဂိုး၊ အုပ်စု (ခ) တွင် ထိုင်းက ဗီယက်နမ်ကို (၃-၀) ဂိုး၊ အင်ဒို နီးရှားက ကမ္ဘောဒီးယားကို (၂-၀) ဂိုး၊  ဖိလစ်ပိုင်က တီမောကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ (၄)ပွဲဆက်တိုက် ရလဒ် ကောင်းများရယူနိုင်ခဲ့သည့် နာမည်ကြီး ဗီယက်နမ်အသင်းသည် နောက်ဆုံးပွဲ တွင် သရေတစ်မှတ်ရရုံဖြင့် ဆီမီးဖိုင် နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သော် လည်း ထိုင်းကို ဂိုးပြတ်ရှုံးခဲ့သောကြောင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က) ၌ အိမ်ရှင်မလေးရှားအသင်းက ၁၂ မှတ် ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက ၉ မှတ်ဖြင့် အုပ်စုဒုတိယ၊ အုပ်စု (ခ) တွင် ထိုင်းအသင်းက ၁၃ မှတ်ဖြင့် အုပ်စု ပထမ၊ အင်ဒိုနီးရှားအသင်းက ၁၁ မှတ် ဖြင့် အုပ်စုဒုတိယနေရာရရှိခဲ့သည်။ အိမ်ရှင်မလေးရှားအသင်းသည် ၎င်းင်းတို့ ကြိုတင်စီမံထားသည့် ဆီမီးဖိုင်နယ်ပွဲကို ဒုတိယပွဲအဖြစ်သာ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး မြန်မာစံတော်ချိန် ည (၇း၁၅)နာရီတွင် ရှာအလမ်ကွင်း၌ ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းနှင့် ထိုင်းအသင်း တို့၏ ဆီမီးဖိုင်နယ်ပွဲကိုမူ မြန်မာစံတော် ချိန် မွန်းလွဲ(၂း၃၀)နာရီတွင် ဆီလာယန် ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်း သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် (၃) ကြိမ်ဆက် တိုက် တွေ့ဆုံခြင်းဖြစ်ပြီး မြန်မာအသင်း သည် နောက်ဆုံးတွေ့ဆုံခဲ့သည့် ၂၀၁၅ ပြိုင်ပွဲတွင် ထိုင်းကို (၀-၃) ဂိုးဖြင့် ရှုံးနိမ့် ခဲ့သည်။ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှား တို့မှာ ပြီးခဲ့သည့်ပြိုင်ပွဲတွင်လည်း ဆီမီး ဖိုင်နယ် တက်ရောက်ခဲ့သည်။à à à

August 26, 2017














Copy Protected by Chetan's WP-Copyprotect.