<

ဘိလိယက်တစ်ဦးချင်း ဗိုလ်လုပွဲတွင် ချစ်ကိုကို ရှုံးနိမ့်ပြီး ငွေဆုဖြင့် ကျေနပ်ခဲ့ရ

 

ဆီးဂိမ်းစ်ဘိလိယက်/စနူကာပြိုင်ပွဲ၏ ဘိလိယက်တစ်ဦးချင်းဗိုလ်လုပွဲကို သြဂုတ် ၂၅ ရက် ညနေပိုင်းက ကျင်းပရာ မြန်မာကစား သမား ချစ်ကိုကိုသည် နာမည်ကြီးစင်ကာပူ ကစားသမား ပီတာဂေးလ်ခရစ်အား သုံးပွဲ ပြတ် ရှုံးနိမ့်ပြီး ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရ ကြောင်း သိရသည်။

နံနက်ပိုင်းကျင်းပသည့် ဆီမီးဖိုင်နယ် ပွဲစဉ်များတွင် ချစ်ကိုကိုက ထိုင်ကစားသမား ပရာပွတ်အား (၃-၂) ပွဲဖြင့် အနိုင်ရကာ ဗိုလ် လုပွဲတက်ရောက်ခဲ့ပြီး ပီတာဂေးလ်ခရစ်က လည်း မြန်မာကစားသမား နေသွေးဦးကို သုံး ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားရာတွင်မူ ပီတာဂေးလ်ခရစ်က တည် ငြိမ်သည့်လက်စွမ်းဖြင့် အကောင်းဆုံးကစား နိုင်ခဲ့ပြီး ပထမပွဲတွင် (၁၀၀-၂၆) မှတ်၊ ဒုတိယ ပွဲတွင် (၁၀၀-၀) မှတ်၊ တတိယပွဲတွင် (၁၀၀- ၅) မှတ်ဖြင့် အနိုင်ရခဲ့သည်။

ယင်းဆုတံဆိပ် မှာ အင်္ဂလန်နိုင်ငံဖွား စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်အတွက် ဆီးဂိမ်းစ်ပြိုင်ပွဲ ငါးကြိမ်ဆက်တိုက် (၂၀၀၉၊ ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇) ရရှိသည့် ဘိလိယက်တစ်ဦး ချင်း ရွှေတံဆိပ်ဆုဖြစ်ပြီး ချစ်ကိုကိုမှာမူ ပထမ ဆုံးအကြိမ် ဆီးဂိမ်းစ်ပြိုင်ပွဲ၌ ဆုတံဆိပ်ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ သြဂုတ် ၂၅ ရက်တွင် ကျင်းပသည့် အခြားပွဲစဉ်များအနက် 9-ball ရှုံးထွက် ၁၆ ဦးအဆင့်တွင် မာန်ဟိန်း ကျော်သည် ဗီယက်နမ်ကစားသမားအား (၁-၉) ပွဲဖြင့်လည်းကောင်း၊ မောင်မောင်က ဗီယက်နမ်ကစားသမားအား (၄-၉) ပွဲဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ပြီး စနူကာတစ်ဦးချင်း ပြိုင်ပွဲတွင် ကိုထက်က မလေးရှားကစားသမား ကို (၄-၂) ပွဲဖြင့် အနိုင်ရခဲ့သည်။

photo – ညီညီစိုးညွန့်
ဘိလိယက်နှင့် စနူကာပြိုင်ပွဲ စတုတ္ထနေ့ ပွဲစဉ်များအပြီးတွင် မြန်မာအားကစားအဖွဲ့ က ငွေတံဆိပ်သုံးခုနှင့် ကြေးတံဆိပ်တစ်ခု ရရှိထားကြောင်း သိရသည်။ ငွေတံဆိပ်ဆုများ ကို ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ ချစ်ကိုကို၊ နှစ်ယောက်တွဲပြိုင်ပွဲ၌ အောင်ဌေးနှင့် မင်း စည်သူထွန်း၊ 9-ball နှစ်ယောက်တွဲ ပြိုင်ပွဲ၌ အောင်မိုးသူနှင့် မောင်မောင်က ရယူ ပေးထားခြင်းဖြစ်သည်။

August 25, 2017














Copy Protected by Chetan's WP-Copyprotect.