အသက်(၂၁)နှစ်အောက် ကစားသမားများထဲတွင် ဆယ်ကျော်သက် ပြင်သစ်တိုက်စစ်မှူး ဘာပေ တန်ဖိုးအကြီးဆုံးအဖြစ် သတ်မှတ်ခံရ

အသက်(၂၁)နှစ်အောက် ကစားသမားများထဲတွင် ဆယ်ကျော်သက် ပြင်သစ်တိုက်စစ်မှူး ဘာပေ တန်ဖိုးအကြီးဆုံးအဖြစ် သတ်မှတ်ခံရ
Published 20 July 2018

 

Photo: AFP

ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်း၏ ဆယ်ကျော်သက်တိုက်စစ်မှူး ဘာပေသည် အသက်(၂၁)နှစ်အောက် ကစားသမားများထဲ တွင် တန်ဖိုးအကြီးဆုံးအဖြစ် သတ်မှတ်ခံခဲ့ရ ကြောင်း သိရှိရသည်။ ယခုအကဲဖြတ်မှုကို လန်ဒန်အခြေစိုက် ကမ္ဘာ့ဘောလုံးစီးပွားရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Soccerex က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဘာပေ၏တန်ဖိုးကို ပေါင်(၁၇၁.၅)သန်းဟု သတ်မှတ်ခဲ့သည်။ Soccerex က ၁၉၉၇ ဇန်နဝါရီ(၁)ရက်နောက်ပိုင်း မွေးဖွားခဲ့သည့် ကစားသမားများကို လက်ရှိအသက်အရွယ်။ ကစားသည့်နေရာ၊ ရောက်ရှိနေသည့်က လပ်အသင်း၊ စာချုပ်သက်တမ်း၊ ဈေးကွက်တန်ဖိုး၊ လက်ရွေးစင်အသင်းအတွက် ကစား ထားသည့်ပွဲအရေအတွက်၊ ကစားခဲ့ရသည့် မိနစ်ပေါင်း၊ ဒဏ်ရာပြဿနာ၊ နည်းစနစ်ပိုင်း အရည်အသွေး၊ ဂိုးသွင်းယူနိုင်မှု စသည့်အ ချက်အလက်များအပေါ် အခြေပြုတွက်ချက်ပြီး တန်ဖိုးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။  ဘာပေသည် ဆယ်ကျော်သက်ကစား သမားတစ်ဦးဖြစ်သလို၊ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်း၏ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။ ဘာပေ၏နောက်တွင် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ရပ်တည်နိုင်ခဲ့သော်လည် သူ၏တန်ဖိုးမှာ ပေါင်(၇၉.၆)သန်းသာ ရှိသည့်အတွက် ဘာ ပေနှင့် ပေါင်သန်း (၁၀ဝ)နီးပါး ကွာဟနေ ကြောင်းလည်း သိရှိရသည်။

■ တန်ဖိုးအကြီးဆုံး(၂၁)နှစ်အောက်ကစားသမား(၅)ဦး

ကစားသမား      တန်ဖိုး(ပေါင်)

ဘာပေ(PSG)  - ၁၇၁.၅ သန်း

ရပ်ရှ်ဖို့ဒ်(မန်ယူ) - ၇၉.၆ သန်း

ဂျေးဆူ(မန်စီးတီး) - ၇၈.၅ သန်း

ဒမ်ဘီလီ(ဘာစီလိုနာ) -  ၇၅.၂ သန်း

မယ်လ်ကွန်(ဘော်ဒိုး) -  ၅၇.၆ သန်း

Most Read

Most Recent