ရီးယဲလ်အသင်းတွင် အော့ဒရီယိုဇိုလာ နံပါတ်(၁၉)ဝတ်ဆင်မည်

ရီးယဲလ်အသင်းတွင် အော့ဒရီယိုဇိုလာ နံပါတ်(၁၉)ဝတ်ဆင်မည်
Published 19 July 2018

Photo: AS

ဆိုစီဒက်အသင်းမှ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့လာသော စပိန်နောက်ခံလူ အော့ဒရီယိုဇိုလာသည် နံပါတ်(၁၉)ဝတ်ဆင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရီးယဲလ်အသင်းသည် အော့ဒရီယိုဇိုလာ(၂၂)နှစ်ကို ဇူလိုင်(၁၈)ရက်နေ့က မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့သွားသည့် ဟာကီမီ၏နံပါတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အော့ဒရီယိုဇိုလာက ''ဒီနံပါတ်ကို ကျွန်တော် လွယ်လွယ်ကူကူပဲ လက်ခံလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆိုစီဒက်အသင်းမှာ ကံကောင်းခဲ့တဲ့ နံပါတ်ဖြစ်တာကြောင့်ပါ'' ဟု ဆိုခဲ့သည်။

Photo: Marca

ရီးယဲလ်အသင်းတွင် ယခင်က နံပါတ်(၁၉)ကို အနယ်လ်ကာ၊ ရီယက်စ်၊ မိုဒရစ် စသည့်ကစားသမားများလည်း ဝတ်ဆင်ခဲ့ဖူးကြောင်း သိရှိရသည်။
ယူရိုသန်း(၃၀)နှင့် ခေါ်ယူခဲ့သည့် အော့ဒရီယိုဇိုလာနှင့်ပတ်သက်၍ ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်က ''သူ့ကို ခေါ်ယူချင်တဲ့အသင်းတွေ အများကြီးရှိတဲ့အနက် ကျွန်တော်တို့အသင်းကို ရွေးချယ်ခဲ့တာပါ။ ဒီအတွက် ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်မှုတွေ ရရှိစေရမယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်တော်တို့ တောင့်တင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်ဒိုရဲ့နေရာကို အစားထိုးဖို့ လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ကတိပေးပါတယ်။ အားလုံးထင်မှတ်မထားတဲ့သူလည်း ဖြစ်လာနိုင်ပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent