အာဆင်နယ်အသင်း၏ စင်ကာပူခရီးစဉ်သို့ အိုဇေးလ် လိုက်ပါမည်ဟု အူနိုင်းအမ်မရီ အတည်ပြု

အာဆင်နယ်အသင်း၏ စင်ကာပူခရီးစဉ်သို့ အိုဇေးလ် လိုက်ပါမည်ဟု အူနိုင်းအမ်မရီ အတည်ပြု
Published 17 July 2018

Photo: Getty Images

အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက စင်ကာပူသို့ သွားရောက်မည့် အသင်း၏ရာသီကြိုခြေစမ်းခရီးစဉ်တွင် ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ် လိုက်ပါမည်ဟု အတည်ပြုခဲ့သည်။

အိုဇေးလ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဂျာမနီအသင်း ကျရှုံးခဲ့ခြင်းနှင့်ပတ်သက်၍ ပြစ်တင်ဝေဖန်ခံနေရခြင်းကြောင့် စိတ်ဒဏ်ရာရနေသူဖြစ်သလို၊ လက်ရှိအချိန်၌ အားလပ်ရက်မကုန်ဆုံးသေးသည့်အတွက် အာဆင်နယ်အသင်းနှင့် ပူးပေါင်းခြင်းမရှိသေးသူလည်းဖြစ်သည်။

သို့သော် အူနိုင်းအမ်မရီက စင်ကာပူသို့ လူစာရင်းအပြည့် သွားရောက်မည်ဖြစ်ပြီး အဆိုပါဇူလိုင်(၂၂)ရက်နေ့အမီ အိုဇေးလ် ပြန်ရောက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အူနိုင်းအမ်မရီက ''ကစားသမားအားလုံး အတူတူပါပဲ။ အီဝိုဘီ၊ အယ်လ်နန်နီနဲ့ အိုဇေးလ်တို့ရဲ့ အားလပ်ရက်ကလည်း အတူတူပါပဲ။ ဒါကြောင့် အသင်းနဲ့အတူ စင်ကာပူကို အိုဇေးလ် လိုက်ပါမှာပါ။ ကျွန်တော် ဒီကို ရောက်လာတာ ကစားသမားအားလုံးကို ကူညီပေးသွားဖို့ပါ။ အိုဇေးလ်ကတော့ အလွန်အရေးကြီးပါတယ်။ ရာသီသစ်ကို စိတ်သစ်လူသစ်နဲ့ လန်းလန်းဆန်းဆန်းဖြတ်သန်းနိုင်ဖို့ သူ အဆင်သင့်ဖြစ်အောင် ကျွန်တော် ကြိုးစားကူညီပေးသွားမှာပါ'' ဟုပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် စင်ကာပူခရီးစဉ်တွင် ဇူလိုင်(၂၆)၌ အက်သလက်တီကို၊ ဇူလိုင်(၂၈)၌ PSG အသင်းတို့နှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်းပွဲစဉ်များမှာ International Champions Cup ပြိုင်ပွဲ၏အောက်တွင် ပါဝင်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent