<

ချယ်လ်ဆီးအသင်းတွင် နည်းပြသစ် ဆာရီ ဦးစားပေးလုပ်ဆောင်ရမည့်တာဝန်များ

 

Photos: Eurosports,Mirror

ချယ်လ်ဆီးအသင်းသည် အီတလီလူမျိုးနည်းပြဆာရီအား ခေါ်ယူစာချုပ်ခဲ့ပြီဖြစ်သည်။ ချယ်လ်ဆီးအသင်းသို့ ဆာရီရောက်ရှိလာပြီးနောက် ၎င်းဦးစားပေးလုပ်ဆောင်ရမည့်အချက်အလက်များကို ဖော်ပြလိုက်ပါသည်။

■ ဘယ်လ်ဂျီယံကစားသမားနှစ်ဦး၏ အနာဂတ်ကို တိကျစွာအဖြေရှာရေး

အသင်း၏ အဓိက ကစားသမားနှစ်ဦး ဖြစ်သော တောင်ပံကစားသမား ဟာဇက်နှင့် ဂိုးသမား ကော်တိုအာတို့၏ အနာဂတ်အ တွက် တိကျရှင်းလင်းစွာအဖြေရှာရမည်ဖြစ် သည်။ နှစ်ဦးစလုံးအား စပိန်ကလပ် ရီးယဲလ် မက်ဒရစ်အသင်းက စိတ်ဝင်စားနေပြီး ယခု နွေရာသီတွင် အပြောင်းအရွှေ့သတင်းများ နှင့်အတူ အနာဂတ်လှုပ်ခတ်နေကြသည်။

■ အသင်းဟောင်း နာပိုလီမှ ကစားသမားများကိုစည်းရုံးခေါ်ဆောင်ရေး

ဆာရီသည် သူ၏အသင်းဟောင်း နာပို လီမှ ကစားသမားအချို့ကို ချယ်လ်ဆီးသို့ ခေါ်ဆောင်ရန် ဆန္ဒပြင်းပြနေပြီး ဆက်သွယ် မှုများ ပြုလုပ်နေသည်။ အီတလီကွင်းလယ် လူ ယော်ဂင်ဟိုပြီးနောက် အယ်လ်ဘေးနီး ယားနောက်ခံလူ ဟေဆိုင်၊ ပိုလန်ကွင်းလယ် လူ ဇီလင်စကီးတို့မှာ ချယ်လ်ဆီးအသင်းသို့ ထပ်မံရောက်ရှိလာဖွယ်ရှိနေသည်။

■ မိုရာတာနှင့် အသင်း၏တိုက်စစ်ကိုပြန်လည်ပြင်ဆင်ရေး

ချယ်လ်ဆီးအသင်းတွင် ပြီးခဲ့သည့်ရာ သီက မျှော်မှန်းသလောက် ခြေစွမ်းပြနိုင်ခြင်း မရှိသည့် ကလပ်ကြေးအကြီးဆုံးကစားသမား မိုရာတာအား အသင်းနှင့်အံဝင်ရန်အတွက် ဆာရီ ကြိုးစားရမည်ဖြစ်သည်။ မိုရာတာသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ ပွဲ (၄၀) ကစားခဲ့ သော်လည်း အသင်းအတွက် (၈) ဂိုးသာသွင်း ယူပေးနိုင်ခဲ့သည်။

■ အငှားချထားသော ကစားသမားများအားအကျိုးရှိစွာ အသုံးပြုနိုင်ရေး

ပြီးခဲ့သည့်ရာသီများက အခြားကလပ် များသို့ အငှားချထားသည့် ကစားသမားများ စွာရှိခဲ့ပြီး ၎င်းင်းကစားသမားများထဲမှ လော့ဖ် တပ်ချိခ်၊ ဘတ်ရှူအာယီကဲ့သို့ ကစားသမား များမှာ ၂၀၁၈ ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ် ပြိုင်ခွင့်ရရှိခဲ့သည်။ သို့ဖြစ်ရာ အရည်အသွေး ရှိသူများကို အသင်းတွင် ပြန်လည်အသုံးပြု နိုင်ရေးအတွက် ကြိုးစားရမည်ဖြစ်သည်။

 

July 15, 2018














Copy Protected by Chetan's WP-Copyprotect.