ရီးယဲလ်နှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့မည့် International Champions Cup ပွဲတွင် စီရော်နယ်လ်ဒို ပါဝင်ကစားနိုင်မည်မဟုတ်

ရီးယဲလ်နှင့် ဂျူဗင်တပ်စ်တို့ ဆုံတွေ့မည့် International Champions Cup ပွဲတွင် စီရော်နယ်လ်ဒို ပါဝင်ကစားနိုင်မည်မဟုတ်
Published 13 July 2018

Photo: Sky Italy

ရီးယဲလ်အသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ရာသီကြိုကာလတွင် ယင်းနှစ်သင်း ဆုံတွေ့မည့်ပွဲ၌ ပါဝင်ကစားနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။
ရီးယဲလ်နှင့် ဂျူဗင်တပ်စ်တို့သည် International Champions Cup ပွဲစဉ်အဖြစ် သြဂုတ်(၅)ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး စီရော်နယ်လ်ဒို ပါဝင်မကစားနိုင်ခြင်းမှာ လုံလောက်သည့်ပြင်ဆင်ချိန် မရရှိခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် လာမည့်တနင်္လာနေ့နံနက်ပိုင်းတွင် ဆေးစစ်ဆေးမှုပြုလုပ်မည်ဖြစ်ပြီး တနင်္လာနေ့ညနေပိုင်းတွင် မိတ်ဆက်ပွဲပြုလုပ်သွားရန် စီစဉ်ထားသည်။

Photo: AFP

သို့သော် ဂျူဗင်တပ်စ်အသင်းနှင့် ပူးပေါင်းလေ့ကျင့်မှုကို ဇူလိုင်(၃၀)မှ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် အသင်းဟောင်း ရီးယဲလ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်မဟုတ်ဘဲ စီးရီးအေပြိုင်ပွဲတွင်သာ ဂျူဗင်တပ်စ်ကစားသမားအဖြစ် ပွဲထွက်ဖွယ်ရှိကြောင်း သိရှိရသည်။
ဂျူဗင်တပ်စ်အသင်းသည် ရာသီကြိုကာလတွင် အမေရိကန်ခြေစမ်းခရီးစဉ် စီစဉ်ထားပြီး ဇူလိုင်(၂၆)တွင် ဘိုင်ယန်မြူးနစ်၊ ဇူလိုင်(၂၈)တွင် ဘင်ဖီကာ၊ သြဂုတ်(၂)တွင် မေဂျာလိဂ်လက်ရွေးစင်အသင်းများနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
စီရော်နယ်လ်ဒိုသည် လက်ရှိအချိန်တွင် ဂရိနိုင်ငံ၌ အနားယူအပန်းဖြေလျက်ရှိပြီး ဂျူဗင်တပ်စ်အသင်းနှင့် မိတ်ဆက်ပွဲ ပြုလုပ်ပြီးပါကလည်း အားလပ်ရက်အဖြစ် သတ်မှတ်ထားသောကြောင့် အီတလီနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

Most Read