သားဖြစ်သူအား လိပ်နင်ဂျာဟု နောက်ပြောင်မှုကို ဘာပေ၏မိခင် မနှစ်သက်

သားဖြစ်သူအား လိပ်နင်ဂျာဟု နောက်ပြောင်မှုကို ဘာပေ၏မိခင် မနှစ်သက်
Published 12 July 2018

Photo: AFP

ပြင်သစ်အသင်း လူငယ်ကြယ်ပွင့်တိုက်စစ်မှူး ဘာပေ၏မိခင်ဖြစ်သူ လာမာရီက မိမိသားအား လိပ်နင်ဂျာဟု နောက်ပြောင်ခေါ်ဆိုမှုများကို မနှစ်သက်ကြောင်း El Paris သတင်းစာသို့ ပြောကြားသည်။

ဘာပေအား PSG အသင်းဖော် နေမာနှင့် အဲလ်ဗတ်စ်တို့က လိပ်နင်ဂျာ ကာတွန်းဇာတ်လမ်းမှ ဇာတ်ကောင်တစ်ဦးဖြစ်သူ ဒိုနာတယ်လိုဟု နောက်ပြောင်ခေါ်ဆိုလေ့ရှိပြီး နိုဝင်ဘာလအတွင်း အဝတ်လဲခန်း၌ လိပ်နင်ဂျာမျက်နှာဖုံးတစ်ခု လက်ဆောင်ရရှိခဲ့သည်။

ထို့ပြင် ပြင်သစ် (၄-၃) အာဂျင်တီးနားပွဲ၌ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူခဲ့သည့် ဘာပေအား အဲလ်ဗတ်စ်က “ဒိုနာတယ်လိုက အရမ်းမြန်တယ်။ ဟုတ်တယ်မဟုတ်လား” ဟု Instagram တွင် နောက်ပြောင်ရေးသားပြီးနောက် El Paris သတင်းစာက ယင်းကဲ့သို့ ဖော်ပြခြင်းဖြစ်သည်။