<

လာလီဂါ၏ပုံရိပ်မှာ စီရော်နယ်လ်ဒိုထက် ပိုကြီးသည်ဟု တီဘတ်စ် ပြောကြား

 

Photos: Eurosports,Marca

လာလီဂါလိဂ်ပြိုင်ပွဲဥက္ကဋ္ဌ တီဘတ်စ်က လာလီဂါ ပြိုင်ပွဲနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏ ပုံရိပ်မှာ စီရော်နယ်လ်ဒိုထက် ပိုမိုကြီးမားကြောင်း ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုထွက်ခွာသွားသည့် လာလီဂါပြိုင်ပွဲအပေါ် ကြီးမားသည့် သက်ရောက်မှုမျိုးရှိမည် မဟုတ်ကြောင်းလည်း တီဘတ်စ်က ပြောကြားခဲ့သည်။

တီဘတ်စ်က ” ကျွန်တော်တို့ လာလီဂါ ပြိုင်ပွဲအတွက် အလုပ်တွေ လုပ်ထားပါတယ်။ ဒီတော့ စီရော်နယ်လ်ဒို အသင်းပြောင်းသွားတာ သိပ်တော့ သက်ရောက်မှုမရှိနိုင်ပါဘူး။ အရင်တုန်းက စီရော်နယ်လ်ဒို ရီးယဲလ်အသင်းက ထွက်ခွာခဲ့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ (၁၀)ပုံမှာ (၉)ပုံလောက် စိတ်ပူမိမှာဖြစ်ပေမယ့် အခုတော့ (၁၀)ပုံမှာ (၄)ပုံလောက်ပဲ စိတ်ပူပါတယ်။ ရီးယဲလ်မက်ဒရစ်ရဲ့ ပုံရိပ်က စီရော်နယ်လ်ဒိုထက် ကြီးမားသလို လာလီဂါရဲ့ပုံရိပ်ကလည်း ကစားသမားတွေထက် ပိုကြီးမားပါတယ်။ ရုပ်သံတွေကလည်း ကစားသမားကိုကြည့်ပြီး ၀ယ်တာမဟုတ်ပါဘူး။ ပြိုင်ပွဲအမည်ကိုသာ ကြည့်ပြီး ၀ယ်ကြတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

July 11, 2018














Copy Protected by Chetan's WP-Copyprotect.