<

ဆီးဂိမ်းစ် လေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြီး အမျိုးသားအသင်း ငွေဆုဖြင့်သာ ကျေနပ်ခဲ့ရ

 

ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာအမျိုးသမီး ပိုက်ကျော်ခြင်း
အသင်း

လက်ရှိကျင်းပနေသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းစ်လေးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင်
မြန်မာအမျိုးသမီးအသင်း ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး အမျိုးသားအသင်းမှာမူ ငွေဖြင့်သာ ကျေနပ်
ခဲ့ရသည်။

အမျိုးသမီးပြိုင်ပွဲမှာ ပတ်လည်ဖြင့်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအမျိုးသမီးအသင်းမှာ နောက်ဆုံး
ပွဲတွင် ဗီယက်နမ်ကို (၂)ပွဲပြတ်အနိုင်ကစားကာ အမှတ်အများဆုံးဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။
အမျိုးသားအသင်းမှာမူ ထိုင်းကို (၂)ပွဲပြတ်ရှုံးနိမ့်ကာ ဒုတိယနေရာရရှိခဲ့သည်။ဆီးဂိမ်းစ်ပြိုင်ပွဲ
တွင် ယနေ့(သောကြာနေ့)မနက်ပိုင်းအထိ မြန်မာအသင်းမှာ ရွှေ(၆)ခုဆွတ်ခူးရရှိထားကြောင်း
သိရသည်။

August 25, 2017














Copy Protected by Chetan's WP-Copyprotect.