(၂)နှစ်အတွင်း အပြောင်းအရွှေ့အတွက် ရီးယဲလ်၏ စိုက်ထုတ်သုံးစွဲငွေမှာ ယူရို သန်း(၄၀)သာရှိပြီး ယခုရာသီ၌ သန်း(၄၀၀)အထိ သုံးနိုင်ဟု မီဒီယာများ သုံးသပ် 

(၂)နှစ်အတွင်း အပြောင်းအရွှေ့အတွက် ရီးယဲလ်၏ စိုက်ထုတ်သုံးစွဲငွေမှာ ယူရို သန်း(၄၀)သာရှိပြီး ယခုရာသီ၌ သန်း(၄၀၀)အထိ သုံးနိုင်ဟု မီဒီယာများ သုံးသပ် 
Published 10 July 2018

လာလီဂါထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်း သည် ပြီးခဲ့သည့်(၂)ရာသီအတွင်း ကစားသမားအပြောင်း အရွှေ့များအတွက် စိုက်ထုတ်သုံးစွဲရသည့်ငွေကြေးမှာ ယူရိုသန်း(၄၀)သာရှိပြီး ယင်းကဲ့သို့ ချွေတာသုံးစွဲခဲ့ခြင်း ကြောင့် ယခုရာသီ၌ ယူရိုသန်း(၄၀၀)အထိ သုံးစွဲခဲ့လျှင်ပင် အသင်း၏ဘဏ္ဍာရေးတည်ငြိမ်မှုကို ထိပါးလိမ့်မည်မဟုတ် ကြောင်း မီဒီယာများက သုံးသပ်လျက်ရှိသည်။

ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်သည် နာမည်ကျော်ကစားသမားများကို ခေါ်ယူ သည့် ကြယ်စင်စုစီမံကိန်းများဖြင့် နာမည်ကျော်ခဲ့သော် လည်း နောက်ပိုင်းနှစ်များတွင် ကစားသမားခေါ်ယူရာ၌ ငွေကြေးစိစစ်သုံးစွဲမှုများ ပြုလုပ်ခဲ့သည်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ပြီးခဲ့သည့်(၂)ရာသီအတွင်း ကစားသမား ခေါ်ယူမှုအတွက် ယူရို(၂၁၅)သန်းသာ အသုံးပြုခဲ့ပြီး ကစား သမားပြန်လည်ရောင်းချမှုမှ ယူရို(၁၇၆)သန်းနီးပါး ရရှိခဲ့ရာ အသင်း၏စိုက်ထုတ်သုံးစွဲငွေမှာ ယူရိုသန်း(၄၀)နီးပါး သာရှိခဲ့သည်။

ကစားသမားရောင်းထုတ်မှုများထဲတွင် အဓိကရောင်းထုတ်မှုမှာ မိုရာတာနှင့် ဒန်နီလိုတို့သာရှိပြီး ဟာမီးစ်ရိုဒရီဂွက်ဇ်အတွက်မူ ဘိုင်ယန်မြူးနစ်အသင်းထံ သို့ အငှားချပေးသည့်အတွက် ယူရို(၁၃)သန်းသာ ရရှိခဲ့ သည်။

ဟာမီးစ်ရိုဒရီဂွက်ဇ်အား အပြီးသတ်ရောင်းထုတ် ဖြစ်ခဲ့လျှင်မူ လက်ရှိစိုက်ထုတ်သုံးစွဲထားသည့် ငွေကြေး ကိုပါ ပြန်လည်ကာမိမည်ဖြစ်ကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ၂၀၁၆-၁၇ ရာသီ ဘဏ္ဍာရေးနှစ် တစ်နှစ်တည်းတွင်ပင် အသင်း၏စုစုပေါင်း ဝင်ငွေမှာ ယူရို(၆၇၄.၆)သန်းအထိရှိခဲ့ပြီး ကလပ်အသင်း သမိုင်းတစ်လျှောက် စံချိန်တင်ဝင်ငွေဖြစ်ခဲ့သည်။

ယင်း ကဲ့သို့ ရာသီပေါင်းများစွာ ဝင်ငွေရှိခဲ့ပြီး ပြန်လည်သုံးစွဲမှုမရှိ သည့်အတွက်လည်း အသင်း၏ဘဏ္ဍာရေးပိုငွေပြမှုပမာဏ မှာ အလွန်အားကောင်းနေပြီး ယခုရာသီတွင် ၎င်းတို့လိုချင် သည့် ပစ်မှတ်ကစားသမားများအတွက် ယူရိုသန်း(၄၀၀) အထိ အသုံးပြုကာ ခေါ်ယူခဲ့လျှင်ပင် အသင်း၏ဘဏ္ဍာရေး အားမျှခြေကို ထိခိုက်နိုင်မည်မဟုတ်ကြောင်းလည်း AS သတင်းစာက ဖော်ပြခဲ့သည်။

လက်ရှိ ကမ္ဘာ့တန်ဖိုးအမြင့် ဆုံးခေါ်ယူမှု(၅)ခုမှာ နေမာ၊ ဘာပေ၊ ကော်တင်ဟို၊ ဒမ်ဘီ လီ၊ ပေါ့ဘာတို့ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းသည် မည် သည့်စံချိန်တင်ခေါ်ယူမှုကိုမျှ ပြုလုပ်ခြင်းမရှိဘဲ အောင်မြင် မှုများရရှိခဲ့သလို၊ အလွန်ခိုင်မာသည့် ငွေကြေးအင်အားကို လည်း တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒ ရစ်အသင်းသည် လက်ရှိအချိန်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်(၃)ဦးအား ခေါ်ယူရန် ပစ်မှတ်ထား လျက်ရှိပြီး ယင်းကစားသမားများမှာ နေမာ၊ ဘာပေနှင့် ဟာဇက်တို့ဖြစ်ကြောင်း သိရသည်။

နေမာနှင့် ဘာပေတို့ မှာ အဓိကပစ်မှတ်(၂)ခုဖြစ်ပြီး ယင်းကစားသမားများကို ခေါ်ယူနိုင်ခြင်းမရှိမှသာ Plan(C) အဖြစ် ဟာဇက်ကို ကြိုးပမ်းမည်ဟုလည်း သိရှိရသည်။

ယင်းကဲ့သို့ ထိပ်တန်း ကစားသမားများကို ခေါ်ယူရာတွင် ပေးချေရမည့်ပြောင်း ရွှေ့ကြေးနှင့် လစာငွေတို့အတွက်လည်း စီရော်နယ်လ်ဒို ကို ရောင်းထုတ်ခြင်းဖြင့် ရရှိမည့်ပြောင်းရွှေ့ကြေးက အ ထောက်အကူပေးနိုင်မည်ဖြစ်သလို၊ လစာငွေအတွက် လည်း ပြန်လည်ကာမိနိုင်မည်ဟု သိရှိရသည်။

Most Read

Most Recent