မက်ဆီ၊ အဲရစ်ဆင်တို့ကို ရပ်တန့်ပြီးနောက် ဟာရီကိန်းကိုရပ်တန့်ကာ အင်္ဂလန်ကိုအနိုင်ယူမည်ဟု ဒါလစ် ပြောကြား

မက်ဆီ၊ အဲရစ်ဆင်တို့ကို ရပ်တန့်ပြီးနောက် ဟာရီကိန်းကိုရပ်တန့်ကာ အင်္ဂလန်ကိုအနိုင်ယူမည်ဟု ဒါလစ် ပြောကြား
Published 10 July 2018

ခရိုအေးရှားအသင်းနည်းပြဖြစ်သူ ဇလတ်ကိုဒါလစ် က မိမိတို့အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အ ဆင့်သို့ ရောက်ရှိလာခဲ့ရာတွင် မက်ဆီ၊ အဲရစ်ဆင်တို့ကဲ့သို့ ကစားသမားများကို ရပ်တန့်ခဲ့သလို၊ ဟာရီကိန်းကိုလည်း ရပ်တန့်ပြီး အင်္ဂလန်အသင်းကို အနိုင်ကစားသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ကွာတားဖိုင်နယ်ပွဲစဉ်များအပြီးတွင် ဂိုးသွင်းဘုရင်ဆုအတွက် သွင်းဂိုး(၂)ဂိုးအသာဖြင့် ဦးဆောင် နေသူဖြစ်ပြီး ဟာရီကိန်းနှင့် စတာလင်တို့တိုက်စစ်အတွဲ သည် အလွန်ထိန်းချုပ်ရခက်ခဲသည့်အတွဲဖြစ်လာမည်ဟု လည်း ဒါလစ်က ဆိုခဲ့သည်။

ဒါလစ်က ''ဟာရီကိန်းဟာ အင်္ဂလန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်နဲ့ အကောင်းဆုံး ဘောလုံးသမားပါ။ သူနဲ့ စတာလင်တို့ရဲ့အတွဲကို ထိန်းချုပ် နိုင်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ လိုဗရန်ဟာ သူ့ အကြောင်းကို ကောင်းကောင်းသိပြီး ဗီဒါနဲ့ လိုဗရန်အတွဲ ဟာ အင်္ဂလိပ်ကစားသမားတွေကို ရပ်တန့်နိုင်မယ်လို့ ကျွန် တော် ယုံကြည်ပါတယ်။ ဆီမီးဖိုင်နယ်အထိ ရောက်လာတဲ့ ခရီးမှာ မက်ဆီနဲ့ အဲရစ်ဆင်တို့ကို ကျွန်တော်တို့ ရပ်တန့်ပြ ခဲ့ပြီးပါပြီ။ ဟာရီကိန်းကိုလည်း ကျွန်တော်တို့ ရပ်တန့်နိုင်မှာ ပါ''ဟု ပြောကြားခဲ့သည်။

ဒါလစ်က အင်္ဂလန်အသင်းသည် မိမိတို့အတွက် လွယ်ကူသည့်ပြိုင်ဘက်အသင်းဟု မထင်ကြောင်းနှင့် အ ရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ကစားသမား အများအ ပြားပါဝင်သည့် အသင်းဖြစ်ကြောင်းလည်း ချီးကျူးပြော ကြားခဲ့သည်။

၎င်းက ''အင်္ဂလန်အသင်းမှာ အားနည်းတယ် ဆိုတဲ့အချက်မရှိပါဘူး။ သူတို့အသင်းက အရမ်းမြန်ပြီး ကစားပုံကြမ်းပါတယ်။ ပြီးတော့ တည်ကန်ဘောတွေမှာ အလွန်အန္တရာယ်ပေးနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မရှုံးနိုင်ပါဘူး။ သမိုင်းသစ်ရေးထိုးဖို့ အဆင် သင့်ဖြစ်နေပါပြီ''ဟု ဆိုခဲ့သည်။

Most Read

Most Recent