သဘာဝပတ်ဝန်းကျင်အတွက် ဆုတံဆိပ်တစ်ခုလျှင် သစ်ပင်တစ်ပင်စိုက်ပျိုးမည်

သဘာဝပတ်ဝန်းကျင်အတွက် ဆုတံဆိပ်တစ်ခုလျှင် သစ်ပင်တစ်ပင်စိုက်ပျိုးမည်
Published 25 August 2017

မလေးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ဆီးဂိမ်းစ်အားကစားပြိုင်ပွဲနှင့် မကြာမီကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုအတွက်ဆုတံဆိပ်တစ်ခုလျှင် သစ်ပင်တစ်ပင်နှုန်း ပြန်လည်စိုက်ပျိုးပေးမည်ဖြစ် ကြောင်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲများကျင်းပမှုကြောင့် စွမ်းအင်ထုတ်ယူသုံးစွဲမှုများပြားပြီး လေထုအတွင်း ကာဗွန်ထုတ်လွှတ်မှု ပုံမှန်ထက်များပြားခြင်း အတွက် ပြန်လည်ပေးလျော်သည့်အနေဖြင့် ဆုတံဆိပ်တစ်ခုလျှင် သစ်ပင်တစ်ပင် ပြန်လည်စိုက်ပျိုးပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်းအား ကစားပြိုင်ပွဲနှစ်ခု၌ ရွှေတံဆိပ်အပါအဝင် ဆု တံဆိပ်စုစုပေါင်း ၅၂၄၉ ခု ချီးမြှင့်မည်ဖြစ်ရာ သစ်ပင် ၅၂၄၉ ပင် ပြန်လည်စိုက်ပျိုးသွား မည်ဖြစ်သည်။

ပြန်လည်စိုက်ပျိုးရာတွင် အပင်အမျိုးအစား သုံးမျိုးစိုက်ပျိုးမည်ဖြစ်ပြီး သြဂုတ်မှ ၂၀၁၈ ခုနှစ် မတ်လအတွင်း အပြီး စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent