<

ဆီးဂိမ်း 9-Ball Pool ပြိုင်ပွဲတွင် မြန်မာအတွဲ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရ

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ 9-Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ မှ မောင်မောင်နှင့် အောင်မိုးသူအတွဲမှာ ငွေတံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရကြောင်းသိရသည်။

Photo – ညီညီစိုးညွန့်

မောင်မောင်နှင့် အောင်မိုးသူအတွဲသည် ဗိုလ် လုပွဲတွင် စင်ကာပူအတွဲနှင့် ယှဉ်ပြိုင်ကစား ခဲ့ရပြီး (၉-၃)ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ 9-Ball Pool နှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာ မှမောင်မောင်နှင့်         အောင်မိုးသူအတွဲမှာ ငွေ တံဆိပ်ဆုဖြင့် ကျေနပ်ခဲ့ရကြောင်း သိရသည်။  မောင်မောင်နှင့် အောင်မိုးသူအတွဲသည် ဗိုလ် လုပွဲတွင် စင်ကာပူအတွဲနှင့် ယှဉ်ပြိုင်ကစား ခဲ့ရပြီး (၉-၃)ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအတွဲနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် စင်ကာပူအတွဲသည် ကမ္ဘာ့ချန်ပီယံဖြစ်ပြီး လက်ရည်ကွာခြားမှုရှိကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။ မြန်မာအတွဲသည် (၂-၁) ပွဲအထိသာ လိုက်ကစားနိုင်ခဲ့ပြီး နောက်ပိုင်းပွဲများတွင် စင်ကာပူအတွဲက အသာရကာ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာဘိလိယက် နှင့် စနူကာအဖွဲ့သည် ယခုဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ငွေနှစ်ခု၊ ကြေးတစ်ခုရရှိထားပြီး ဘိလိ ယက်နှစ်ယောက်တွဲပြိုင်ပွဲ၊9-Ball Pool  နှစ်ယောက်တွဲပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲတက် ရောက်နိုင်ခဲ့သော်လည်း ပြိုင်ပွဲနှစ်ခုစလုံး တွင် ရှုံးပွဲကြုံတွေ့ကာ ငွေတံဆိပ်ဖြင့် ကျေနပ် ခဲ့ရသည်။

ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲကို သြဂုတ် ၂၄ ရက်တွင် စတင်ကျင်းပရာ မြန်မာ  ဘိလိယက်ကစားသမား ချစ်ကိုကိုမှာ ဗီယက် နမ်ကစားသမားကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် သို့ တက်ရောက်သွားသည်။ ဗီယက်နမ်ကစား သမားသည် ချစ်ကိုကိုနှင့် ယှဉ်ထိုးနိုင်ခြင်း မရှိဘဲ သုံးပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ဘိလိယက်အဖွဲ့သည် ဘိလိယက်ပြိုင်ပွဲတွင် ကစားသမား လေးဦးဖြင့် ၀င်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး အောင်ဌေးနှင့် မင်းစည်သူထွန်း မှာ နှစ်ယောက်တွဲပြိုင်ပွဲ၊ နေသွေးဦးနှင့် ချစ် ကိုကိုမှာ တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်နေ ခြင်းဖြစ်သည်။

ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် နာ မည်ကြီးကစားသမားများဖြစ်သည့် ပီတာ ဂေးလ်ခရစ် (စင်ကာပူ)၊ ပရာပွတ် (ထိုင်း)၊ ချစ်ကိုကို (မြန်မာ) နှင့် နေသွေးဦး (မြန်မာ) တို့ ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ နေသွေးဦးနှင့် သာဝပ် (ထိုင်း) တို့ပွဲတွင် နေ သွေးဦးက (၃-၂) ပွဲဖြင့် အနိုင်ရပြီး ဆီမီးဖိုင် နယ် တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

August 25, 2017














Copy Protected by Chetan's WP-Copyprotect.