လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်

လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ ထွက်ပေါ်
Published 24 August 2017

Photo: Daily Mail

အင်္ဂလန်လိဂ်ဖလားပြိုင်ပွဲ၏ တတိယအဆင့်မဲခွဲပွဲကို ယနေ့နံနက်ပိုင်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ မန်ယူအသင်းသည် ဘာတန်အသင်းနှင့် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းအများစု ပွဲချောင်ခဲ့သော်လည်း မန်စီးတီးအသင်းမှာ ဝက်စ်ဘရွန်းနှင့် အဝေးကွင်း၊ လီဗာပူးလ်အသင်းမှာ လက်စတာနှင့် အဝေးကွင်းပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းအချင်းချင်း နောက်ထပ်ဆုံတွေ့သည့်ပွဲစဉ်များမှာ ခရစ္စတယ်ပဲလေ့စ်-ဟတ်ဒါဖီးလ်၊ ဘုန်းမောက်-ဘရိုက်တန်တို့ဖြစ်သည်။

ချယ်လ်ဆီးက နော်တင်ဟမ်ဖောရက်စ်၊ အာဆင်နယ်က ဒွန်ကတ်စတာ၊ စပါးက ဘန်စလေ(သို့မဟုတ်)ဒါဘီနှင့်သာ ဆုံတွေ့ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းပွဲစဉ်များကို စက်တင်ဘာ(၁၈)တွင် စတင်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Most Read

Most Recent