<

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈) ဒုတိယနေပွဲစဉ်များတွင် ရန်ကုန်၊ရှမ်း၊ရတနာပုံနှင့် ဇွဲကပင်တို့ အနိုင်ရ

၂၀၁၈ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၈) ဒုတိယနေ့ပွဲစဉ်များကိုဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်၊ရှမ်း၊ရတနာပုံနှင့် ဇွဲကပင်အသင်းတို့ အနိုင်ရခဲ့ကြောင်းသိရသည်။ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော ရန်ကုန်နှင့်မကွေးအ သင်းတို့၏ပွဲစဉ်တွင် ရန်ကုန်အသင်းက (၁-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီး ရန်ကုန်နောက်ခံလူ သိန်းဇော်၏သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

Photo –  ကောင်းထက်အောင်

တောင်ကြီးမြို့တွင်ယှဉ်ပြိုင်ကစားခဲ့သော ရှမ်းယူနိုက်တက်နှင့်GFA အသင်းတို့၏ပွဲစဉ်တွင်ရှမ်းယူနိုက်တက်က (၁-၀)ဂိုးဖြင့်အနိုင်ရခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ရန်နိုင်ဦးကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။မန္တလာသီရိကွင်း၌ယှဉ်ပြိုင်ကစားခဲ့သော ရတနာပုံနှင့် ဆောက်သမ်းမြန်မာအသင်းတို့၏ပွဲစဉ်တွင် ရတနာပုံအသင်းက (၃-၁)ဂိုးဖြင့်အနိုင်ရခဲ့ပြီး ရတနာပုံအသင်းအတွက်ဂိုးများကို ၀င်းနိုင်စိုး၊ရဲရဲင့်ထွန်း၊ရဲကိုဦး တို့ကသွင်းယူပေးခဲ့သည်။ ဆောက်သမ်းမြန်မာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ဘယ်ရီကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။မုံရွာကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သော စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ဇွဲကပင်အသင်းတို့၏ပွဲစဉ်တွင် စစ်ကိုင်းအသင်းက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့သောကြောင့် ဇွဲကပင်အသင်းက (၁-၀)ဂိုးဖြင့်အနိုင်ရခဲ့သည်။

July 1, 2018














Copy Protected by Chetan's WP-Copyprotect.