နိုင်ငံ့ ဂုဏ်ဆောင်ကစားသမားများအား စစ်မှုထမ်းခြင်း ကင်းလွတ်ခွင့်ပြုရန် ကိုရီးယားပရိသတ်များ တောင်းဆို

နိုင်ငံ့ ဂုဏ်ဆောင်ကစားသမားများအား စစ်မှုထမ်းခြင်း ကင်းလွတ်ခွင့်ပြုရန် ကိုရီးယားပရိသတ်များ တောင်းဆို
Published 29 June 2018

Photo: AFP

တောင်ကိုရီးယားအသင်း ပရိသတ်များသည် ကမ္ဘာ့ချန်ပီယံဂျာမနီအသင်းအား အုပ်စုအဆင့်မှ လှည့်ပြန်စေခဲ့ရသည့် နိုင်ငံ့ဂုဏ်ဆောင် ကစားသမားများအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားအသင်းသည် ဂျာမနီအသင်းနှင့်ပွဲမတိုင်မီ နှစ်ပွဲဆက် ရှုံးနိမ့်ထားသောကြောင့် မျှော်လင့်ချက်အနည်းငယ်သာ ရှိသော်လည်း ကမ္ဘာ့ချန်ပီယံအသင်း၏ တိုက်စစ်ဆင်မှုကို ကြံ့ကြံ့ခံကစားပြီး တန်ပြန်တိုက် စစ်များမှတစ်ဆင့် နှစ်ဂိုး ပြန်လည် သွင်းယူကာ နိုင်ပွဲရရှိခဲ့သည်။

သို့ဖြစ်ရာ တောင်ကိုရီးယားအသင်းသည် ဂျာမနီနှင့် ရမှတ်တူ၊ ဂိုးကွာခြားချက် အသာဖြင့် အုပ်စု တတိယနေရာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နိုင်ပွဲပြန်လည်ရရှိခဲ့သည်။

ထို့ကြောင့် ပရိသတ်များသည် သမ္မတရုံး ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍ ဒုတိယဂိုးသွင်းသူ ဆွန်ဆောင်မင်၊ အကောင်းဆုံးကစားသမားဆုရရှိသူ ဂိုးသမား ချိုယွန်ဝူ အပါအဝင် ကစားသမားများအား စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် ဆန္ဒမဲကောက်ခံကာ တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က ကျွန်တော်တို့အတွက် မျှော်လင့်ချက်တွေ အများကြီးပေးခဲ့တယ်။ သူတို့ရဲ့ အရည်အသွေးတွေကို စစ်တပ်ထဲမှာ မဖြုန်းတီးသင့်ပါဘူး” ဟု ဆန္ဒမဲပေးသူ တစ်ဦးက ဆိုသည်။ မက္ကဆီကိုနိုင်ငံရှိ ပရိသတ်များကလည်း ကိုရီးယားသံရုံးရှေ့တွင် စုရုံးအောင်ပွဲခံခဲ့ကြသည်။

Most Read

Most Recent