ဟားလ်စီးတီးကွင်းလယ်လူ ကလူးကပ်စ်ကို ပေါင် (၁၅)သန်းဖြင့် ဆွမ်ဆီး ခေါ်ယူ

ဟားလ်စီးတီးကွင်းလယ်လူ ကလူးကပ်စ်ကို ပေါင် (၁၅)သန်းဖြင့် ဆွမ်ဆီး ခေါ်ယူ
Published 24 August 2017

ဆွမ်ဆီးအသင်းသည် ဟားလ်စီးတီးအသင်းမှ အသက်(၂၆)နှစ်အရွယ်ကွင်းလယ်လူ ကလူးကပ်စ်ကို ပေါင် (၁၅)သန်းဖြင့်
(၄)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့သွားသည့် ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်၏နေရာတွင် အစားထိုးရန်အတွက် ကလူးကပ်စ်ကို ဆွမ်ဆီးအသင်းခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဟားလ်စီးတီးအသင်းမှ ဆွမ်ဆီးအသင်းသို့ပြောင်းရွှေ့ခဲ့သည့်
ကွင်းလယ်လူ ကလူးကပ်စ်

ကလူးကပ်စ်သည် လာမည့်စနေနေ့၌ ကစားမည့် ခရစ္စတယ်ပဲလေ့စ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဆွမ်ဆီးအသင်းအတွက် ပထမဆုံးပါဝင်ကစားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent