နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာကြောင့် ကစားသမားများစိတ်ဓာတ်တက်ကြွလာဟု ဦးသန်းတိုးအောင်ဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဝဏ်လွှာကြောင့် ကစားသမားများစိတ်ဓာတ်တက်ကြွလာဟု ဦးသန်းတိုးအောင်ဆို
Published 24 August 2017

မြန်မာယူ-၂၂ အသင်းအုပ်ချုပ်သူ ဦးသန်းတိုးအောင် Photo - ညီညီစိုးညွန့်

Photo - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

Photo - နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး

ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၂၂ အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ သဝဏ်လွှာကြောင့် ကစားသမားများ စိတ်ဓာတ် တက်ကြွလာကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ပေးပို့သည့် (၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲယှဉ် ပြိုင်နေသည့် အားကစားမောင်မယ်များသို့ ပေးပို့သည့် သဝဏ်လွှာကို သြဂုတ် ၂၂ ရက်စွဲဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာ ယူ-၂၂ အမျိုးသားဘောလုံးအသင်းနှင့် ပတ်သက်၍ အုပ်စုနောက် ဆုံးပွဲတွင် အိမ်ရှင်အသင်းကို ရှုံးနိမ့်ခဲ့ရသော်လည်း ဆီမီး ဖိုင်နယ်တက်ရောက်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အုပ်ချုပ်သူ ဦးသန်းတိုးအောင်က"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပေး ပို့သည့် သဝဏ်လွှာကို ဒီနေ့မနက်ပိုင်းပဲ ကစားသမားတွေ ကို ဖတ်ပြခဲ့ပါတယ်။ ကစားသမားတွေကလည်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့တဲ့ သဝဏ်လွှာကို ကြားပြီးတဲ့ အချိန်မှာ စိတ်ဓာတ်တက်သွားပါတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ကြိုးစားချင်စိတ်တွေ ဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း လာမယ့်ဆီမီးဖိုင်နယ်မှာ အနိုင်ရဖို့ အစွမ်းကုန်ကြိုးစားပြီး ဗိုလ်လုပွဲတက်ရောက်နိုင်အောင် ကြိုးစားသွားမှာပါ''ဟု ပြောကြားသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆီးဂိမ်းစ် ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာအားကစားအဖွဲ့များအား အောင်မြင်မှုရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်ကစားသွား ရန် ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် လေးပွဲကစား၊ သုံးပွဲနိုင်၊ တစ်ပွဲရှုံး၊ ကိုးမှတ်ဖြင့် ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်းအသင်း တို့ကို အနိုင်ရကာ မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent