<

အမျိုးသားဟော်ကီပြိုင်ပွဲတွင် မြန်မာနှင့် စင်ကာပူအသင်း နှစ်ဂိုးစီသရေကျ

အမျိုးသားဟော်ကီပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို သြဂုတ် ၂၃ ရက်တွင် ဆက်လက် ကျင်းပရာ မြန်မာအသင်းနှင့် စင်ကာပူအသင်း နှစ်ဂိုးစီသရေကျခဲ့ကြောင်း သိရသည်။

Photo – ညီညီစိုးညွန့်

မြန်မာနှင့် စင်ကာပူအသင်းသည် အုပ်စု အဖွင့်ပွဲတွင် နိုင်ပွဲကိုယ်စီရရှိကာ ထိပ်ဆုံးမှ ပူးတွဲဦးဆောင်လျက်ရှိပြီး နှစ်သင်းထိပ်တိုက် တွေ့ဆုံရာတွင် သရေရလဒ်ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးများခွင့်ပြုရသဖြင့် သရေရလဒ်ဖြင့် သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအသင်း အတွက် ဂိုးများကို ဇာနည်တစ်ဦးတည်းက ၂၅ မိနစ်နှင့် မိနစ် ၄၀ တွင် သွင်းယူပေးခဲ့ပြီး စင်ကာပူအသင်း၏ ချေပဂိုးများကိုမူ ၃၁ မိနစ်နှင့် ၄၃ မိနစ်တွင် ပြန်လည်ခွင့်ပြုခဲ့ရ သည်။

မြန်မာအသင်းသည် အဖွင့်ပွဲတွင် ထိုင်းအသင်းအား (၄-၂) ဂိုးဖြင့် အနိုင်ရထား ခြင်းဖြစ်သည်။ ယခုပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဖြစ်သည့် အိမ်ရှင်မလေးရှား၊ စင်ကာပူ၊ အင် ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာအသင်းတို့ ပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး အဆင့် (၁-၂) နှစ်သင်း ဗိုလ်လုပွဲနှင့် အဆင့် (၃-၄) နှစ်သင်း တတိယ လုပွဲ ကစားရမည်ဖြစ်သည်။ မြန်မာအသင်း သည် ၂၀၁၃ နှင့် ၂၀၁၅ ပြိုင်ပွဲနှစ်ကြိမ်ဆက် တိုက် ကြေးတံဆိပ်ရရှိထားသည်။

August 23, 2017














Copy Protected by Chetan's WP-Copyprotect.