<

ပွဲတိုင်းဂိုးသွင်းနိုင်သည့်သူအဖြစ် ၀င်းသိင်္ဂီထွန်း မှတ်တမ်းဝင်

 

photo – ညီညီစိုးညွန့်

မြန်မာအမျိုးသမီးအသင်း တောင်ပံ ကစားသမား ၀င်းသိင်္ဂီထွန်းသည် ဆီးဂိမ်းစ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပွဲတိုင်းဂိုးသွင်း နိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ ကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်း သည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေဆုနှင့် လွဲချော် ခဲ့သော်လည်း ၀င်းသိင်္ဂီထွန်းမှာ မှတ်တမ်း ကောင်း ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် အုပ်စုလေးပွဲစလုံး ကစားအပြီးတွင် ခြောက်ဂိုးသွင်းယူထားနိုင် ပြီး လက်ရှိအမျိုးသမီးပြိုင်ပွဲ သွင်းဂိုးအများ ဆုံးစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိ သည်။

ဝင်းသိင်္ဂီထွန်းသည် ထိုင်းနှင့်ပွဲတွင် နှစ်ဂိုး၊ မလေးရှားနှင့်ပွဲတွင် နှစ်ဂိုး၊ ဗီယက်နမ် နှင့်ပွဲတွင် တစ်ဂိုး၊ ဖိလစ်ပိုင်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ ၀င်းသိင်္ဂီထွန်း သည် တောင်ပံကစားသမားတစ်ဦးဖြစ်သော် လည်း အချို့ပွဲများတွင် တိုက်စစ်မှူးနေရာတွင် ပါဝင်ကစားခဲ့သည်။ ၀င်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ပုံမှန်နေရာရလာသူဖြစ်ပြီး ခြေစွမ်းပြဂိုးသွင်းလျက်ရှိသည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့် လွဲချော် နေမှုကို ယခုပြိုင်ပွဲတွင်လည်း အဆုံးသတ်နိုင် ခြင်းမရှိခဲ့ဘဲ ကြေးတံဆိပ်ဖြင့်သာ ကျေနပ်ရ ရန် နီးစပ်လျက်ရှိသည်။

August 23, 2017














Copy Protected by Chetan's WP-Copyprotect.