■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် Play-Off အဆင့် ဒုတိယအကျော့ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် Play-Off အဆင့် ဒုတိယအကျော့ ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 23 August 2017

 

ချန်ပီယံလိဂ် Play-off ပထမအကောျ့တွင် ဟော်ဖင်ဟမ်နှင့် လီဗာပူးလ် တွေ့ဆုံခဲ့စဉ်။ Photo - AFP

■ FC ကိုပင်ဟေဂင် နှင့် ကာရာဘတ် (၂၄-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ) အဇာဘိုင်ဂျန် ချန်ပီယံအသင်းက ကိုပင်ဟေဂင်လိုအသင်းကို ပထမအကျော့တုန်းက အိမ်ကွင်းမှာ အနိုင်ကစားသွားခဲ့တယ်။ ဒါပေမဲ့ ဒိန်းမတ်မြေမှာတော့  ကာရာဘတ်ယှဉ်နိုင်ဖို့ခက်ပါတယ်။ ကိုပင်ဟေဂင်အနိုင်သေချာတယ်။

■ ဆလားဗီးယားပရပ်ဂ် နှင့် အပိုးလ်နီကိုးရှား (၂၄-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ) အပိုးလ်နီကိုးရှားက ပထမအကျော့မှာ (၂-ဝ)နဲ့ အနိုင်ရ ခဲ့တယ်။ ဆလားဗီးယားပရက် အိမ်ကွင်းမှာလည်း အပိုးလ်နီးကိုး ရှားက အနိုင်ရလဒ်ကို ထိန်းကစားဖို့ ဦးတည်ကစားမှာပါ။ သရေရနိုင်တယ်။

■ CSKA မော်စကို နှင့် ယန်းဘွိုင်းစ် (၂၄-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ) CSKA က ယန်းဘွိုင်းစ်ကွင်းမှာ ခက်ခက်ခဲခဲအနိုင်ကစား သွားခဲ့တယ်။ ချန်ပီယံလိဂ်အတွေ့အကြုံကို ကောင်းကောင်းအ သုံးချနိုင်ခဲ့တယ်လို့ပဲ ပြောရမယ်။ ဇာဂိုယက်ဗ်၊ ဂိုလိုဗင်၊ ဗီတင် ဟိုတို့ရဲ့ CSKA နိုင်ပွဲဆက်ယူလိမ့်မယ်။

■ လီဗာပူးလ် နှင့် ဟော်ဖန်ဟင်မ် (၂၄-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ) ပထမအကျော့ပွဲစဉ်မှာ ဟော်ဖန်ဟင်မ်ကစားပုံကောင်းခဲ့တာကိုတွေ့ရတယ်။ ဒါပေမဲ့ ပယ်နယ်တီကိုအသုံးမချနိုင်ခဲ့တာ၊ လီဗာပူးလ်ဂိုးသမား မစ်ဂနိုလတ် လက်စွမ်းပြနိုင်ခဲ့တာနဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်က အခွင့်အရေးတွေကိုအပိုင်အသုံး ချသွားတာတွေကြောင့် လီဗာပူးလ်ပဲ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့တယ်။ အခု အိမ်ကွင်းပွဲစဉ်မှာတော့ လီဗာပူးလ်က နှစ်ပတ်  အတွင်း (၄)ပွဲမြောက်ပွဲစဉ်ကို ကစားရမှာဖြစ်လို့ ပွဲပန်းပြဿနာ ရှိနိုင်တယ်။ ဒါပေမဲ့ အဝေးကွင်းမှာ အနိုင်ရထားတာကြောင့်  အိမ်ကွင်းပွဲစဉ်က သိပ်တော့ဖိအားမများဘူး။ အေးအေးဆေးဆေး ဘောလုံးထိန်းပြီး သက်သောင့်သက်သာကစားသွားလိမ့် မယ်။ တကယ်တော့ လီဗာပူးလ်တိုက်စစ်ကလည်း အဲ့ဒီလိုပွဲတွေမှာ ပိုကောင်းတတ်တယ်။ ဟော်ဖန်ဟင်မ်ကတော့ အန်ဖီးလ် မှာ မထင်မှတ်တာတွေ လုပ်ပြနိုင်စွမ်းရှိတဲ့ အနေအထားမျိုးလည်း မဟုတ်ပါဘူး။  ဂိုးပြတ်မရှုံးအောင်ပဲ ထိန်းကစားရမှာပါ။ လီဗာပူးလ်ပဲ နိုင်မယ်။ (၂-ဝ)ရလဒ်လောက်ဖြစ်နိုင်တယ်။

■ လီဗာပူးလ် နှင့် ဟော်ဖန်ဟင်မ် ပွဲစဉ်မှ ပွဲကြိုအချက်အလက်အချို့

■ လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၆)ပွဲတွင် (၁)ပွဲသာအနိုင်ရပြီး (၃)ပွဲရှုံး၊ (၂)ပွဲသရေကျခဲ့သည်။■ လီဗာပူးလ်အသင်းခံစစ်ပိုင်းသည် ချန်ပီယံလိဂ် (၈)ပွဲဆက်တိုက် ဂိုးပေးထားရပြီး တစ်ပွဲပျမ်းမျှ (၁.၅)ဂိုးအထိခွင့်ပြုထားရသည်။■ ဟော်ဖန်ဟင်မ်အသင်းသည်ပြိုင်ပွဲစုံ နောက်ဆုံး (၁၀)ပွဲတွင် (၂)ပွဲသာရှုံးနိမ့်ထားပြီး (၇)ပွဲနိုင် (၁)ပွဲသရေကျထားသည်။

■ စတူအာဘူခါရက် နှင့် စပို့တင်းလစ္စဘွန်း (၂၄-၈-၂၀၁၇ နံနက် ၁း၁၅ နာရီ) လစ္စဘွန်းကလပ်က အိမ်ကွင်းမှာ စတူအာဘူခါရက်ကို  အပြတ်အသတ်အသာစီးက ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်က အသုံး

မချနိုင်ခဲ့လို့ ဂိုးမရှိသရေပဲ ကစားနိုင်ခဲ့ တယ်။ စတူအာဘူခါရက်ကွင်းဆိုပေမယ့်  စပို့တင်းလစ္စဘွန်းကိုပဲ ကြိုက်တယ်။

Most Read

Most Recent