အဲရစ်ဆင်၊ ယဲဒီနက်တို့ရဲ့ ဂိုးတွေနဲ့အတူ ဒိန်းမတ်နဲ့ သြစတြေးလျ တစ်မှတ်စီခွဲယူ

အဲရစ်ဆင်၊ ယဲဒီနက်တို့ရဲ့ ဂိုးတွေနဲ့အတူ ဒိန်းမတ်နဲ့ သြစတြေးလျ တစ်မှတ်စီခွဲယူ
Published 22 June 2018

Photo: Getty Images

ဒိန်းမတ် ၁-၁ သြစတြေးလျ

အုပ်စု(C)က ဒိန်းမတ်နဲ့ သြစတြေးလျတို့ရဲ့ ဆုံတွေ့မှုမှာတော့ တစ်ဖက်တစ်ဂိုးစီသွင်းယူပြီး တစ်မှတ်စီခွဲယူခဲ့ကြပါတယ်။
အဲရစ်ဆင် ဦးဆောင်တဲ့ ဒိန်းမတ်အသင်းက ပွဲအစပိုင်းမှာ အသာစီးယူနိုင်ခဲ့သလို ဦးဆောင်ဂိုးကိုလည်း (၇)မိနစ်မှာပဲ ရရှိခဲ့ပါတယ်။
တိုက်စစ်မှူး ယော်ဂန်ဆန် ဖန်တီးပေးတဲ့ဘောလုံးကို အဲရစ်ဆင်က လှလှပပကန်သွင်းယူခဲ့တာပါ။
ဒါပေမဲ့ ယော်ဂန်ဆန်က ကိုယ်တိုင်အဆုံးသတ်မှုအပိုင်းမှာတော့ အားနည်းခဲ့ပြီး မိနစ်(၂၀)ဝန်းကျင်မှာ အပိုင်ခေါင်းတိုက်ခွင့်ရတာကို အသုံးမချနိုင်ခဲ့တာကြောင့်လည်း ဒိန်းမတ်အသင်း နိုင်ပွဲနဲ့ လွဲခဲ့ရတာပါ။

Photo: Reuters

နောက်ပိုင်းမှာ သြစတြေးလျအသင်းရဲ့ကစားပုံက အမှားအယွင်းနည်းနည်းနဲ့ ဟာကွက်မရှိသလောက်ဖြစ်လာခဲ့ပါတယ်။
ဒိန်းမတ်အသင်းကိုလည်း ဖိအားပြန်ပေးလာနိုင်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ အားကိုးရမယ့်သူ မရှိတာကတော့ ပြဿနာဖြစ်ခဲ့ပါတယ်။
(၃၈)မိနစ်မှာတော့ ဒိန်းမတ်ကွင်းလယ်ကစားသမား ပေါလ်ဆင် သြစတြေးလျတိုက်စစ်ကို တားဆီးရာမှာ ဂိုးဧရိယာအတွင်း လက်နဲ့ထိမိခဲ့တာကြောင့် အဆုံးအဖြတ်နဲ့ ပယ်နယ်တီပေးခဲ့ရပါတယ်။
ဒီပယ်နယ်တီကို သြစတြေးလျအသင်းခေါင်းဆောင် ယဲဒီနက်ကပဲ ကန်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ကြပေမယ့် ရလဒ်က အပြောင်းအလဲမရှိခဲ့ပါဘူး။

Most Read

Most Recent