ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ထူးထူးခြားခြားကြော်ငြာခဲ့သည့် Burger King ပြန်လည်တောင်းပန်

ကမ္ဘာ့ဖလားနှင့်ပတ်သက်ပြီး ထူးထူးခြားခြားကြော်ငြာခဲ့သည့် Burger King ပြန်လည်တောင်းပန်
Published 22 June 2018

Photo: Getty Images

အမေရိကန်အစားအသောက်လုပ်ငန်းတစ်ခုဖြစ်သည့် Burger King သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး ထူးထူးခြားခြားကြော်ငြာခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရှိရသည်။

Burger King က ရုရှားအမျိုးသမီးများအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘောလုံးသမားများ၏ ကိုယ်ဝန်ကို ရယူနိုင်ခဲ့ပါက ရုရှားငွေ(၃)သန်း(ဒေါ်လာ ၅၀၀၀၀)ပေးအပ်မည့်အပြင် ၎င်းတို့၏ ဘာဂါများကိုလည်း ရာသက်ပန် စားသုံးခွင့်ပေးမည်ဟု ကြော်ငြာခဲ့ခြင်းဖြစ်သည်။

ယင်းကြော်ငြာမှာ လိင်ပိုင်းဆိုင်ရာ အားပေးအားမြှောက်ပြုလုပ်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုများစွာ ထွက်ပေါ်လာခဲ့သည့်အတွက် Burger King သည် အဆိုပါကြော်ငြာကို ပြန်ဖြုတ်ခဲ့ရသည်။

ထို့ပြင် ကြော်ငြာမှာ အလွန်ပြင်းထန်သွားကြောင်းလည်း ပြန်လည်တောင်းပန်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent