<

အင်္ဂလန်နှင့် အာဂျင်တီးနားတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဆုံတွေ့မည်ဟု ဒေးဗစ်ဘက်ခမ် ဟောကိန်းထုတ်

Photo: Sky Sports

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်က ယခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့် ဒေးဗစ်ဘက်ခမ်တို့ ဆုံတွေ့မည်ဟု ဟောကိန်းထုတ်ခန့်မှန်းလိုက်သည်။

အင်္ဂလန်နှင့် အာဂျင်တီးနားတို့သည် ခါးသီးသည့်ပြိုင်ဘက်များဖြစ်ပြီး ဒေးဗစ်ဘက်ခမ်မှာလည်း ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားနှင့်ဆုံတွေ့သည့်ပွဲစဉ်၌ ထုတ်ပယ်ခံခဲ့ရဖူးသူဖြစ်သည်။

ဘက်ခမ်က ”အာဂျင်တီးနားနဲ့ အင်္ဂလန်အသင်း ဗိုလ်လုပွဲကစားရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်နေပါတယ်။ ကျွန်တော့်ရဲ့ နိုင်ငံအပေါ်ချစ်စိတ်နဲ့ ရွေးချယ်ရရင်တော့ အင်္ဂလန်အသင်း ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်” ဟုပြောကြားခဲ့သည်။

ဘက်ခမ်က အင်္ဂလန်အသင်း၏လက်ရှိအနေအထားနှင့်ပတ်သက်၍လည်း ”အုပ်စုအဖွင့်ပွဲကို အနိုင်ရခဲ့တဲ့အတွက် အလွန်ပျော်ရွှင်မိပါတယ်။ အင်္ဂလန်က အလွန်ငယ်ရွယ်တဲ့အသင်းပါ။ သူတို့မှာ အတွေ့အကြုံအများကြီးရှိတဲ့သူ မပါပါဘူး။ ပြိုင်ပွဲက တစ်ဆင့်ပြီးတစ်ဆင့် ပိုပြီးခက်ခဲလာဖို့လည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းကောင်းတွေ အများကြီးရှိနေလို့ပါ” ဟုပြောကြားခဲ့သည်။

June 21, 2018














Copy Protected by Chetan's WP-Copyprotect.