ယနေ့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 21 June 2018

Photo: AFP

■ ဒိန်းမတ် နှင့် သြစတြေးလျ (ည ၆း၃၀ နာရီ)

ဒိန်းမတ်ကစားတာ အရမ်းထိရောက်မှုရှိပြီး အဲရစ်ဆင်က တည်ကန်ဘောတွေနဲ့ ခြိမ်းခြောက်နိုင်တယ်။

ကွင်းလယ်တိုက်စစ်နေရာမှာ ပီပီပြင်ပြင်ကစားနိုင်ပြီး အန္တရာယ်ရှိတဲ့ ပေးပို့မှုတွေကိုလည်း လုပ်နိုင်တာတွေ့ရတယ်။

သြစတြေးလျကတော့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီပြီး ခံစစ်က မာကျောတာ တွေ့ရတယ်။

ဒီပွဲက ဒိန်းမတ်ခြေစွမ်းသာပေမယ့် ကစားဟန်ချင်းဆင်တဲ့အသင်းနှစ်သင်းရဲ့ပွဲပါ။

ဒိန်းမတ်ပဲ ကပ်နိုင်သွားမယ် ထင်တယ်။

 

■ ပြင်သစ် နှင့် ပီရူး (ည ၉း၃၀ နာရီ)

သြစတြေးလျကို အသည်းအသန်ကစားခဲ့ရတဲ့ ပြင်သစ်အတွက် ပီရူးက အဆိပ်ရှိတဲ့အသင်းပဲ။

တစ်ဦးချင်းကောင်းသလို၊ အသင်းလိုက်စုဖွဲ့ပုံလည်းကောင်းတယ်။

ဒိန်းမတ်ကိုကံမကောင်း လို့သာရှုံးခဲ့တာ။

ဒါပေမဲ့ ကြံ့ခိုင်မှုမှာ ပီရူးက သြစတြေးလျလို မာကျောတဲ့အသင်း မဟုတ်ဘူး။

ပြင်သစ်ကပ်နိုင်ဦးမယ်။

 

■ အာဂျင်တီးနား နှင့် ခရိုအေးရှား (ည ၁၂း၃၀ နာရီ)

အာဂျင်တီးနားရဲ့ အဖွင့်ပွဲခြေစွမ်းက အားရစရာမရှိဘူး။

မက်ဆီတစ်ဦးတည်းက ရုန်းကန်နေရပြီး ကျန်ကစားသမားတွေဆီကနေ အများကြီးမျှော်လင့်ထားလို့မရတဲ့အခြေအနေမျိုးကိုတွေ့ရတယ်။

အိုက်စလန်က အာဂျင်တီးနားကို ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်။

မက်ဆီကို ပိတ်ဆို့ထားပြီး ဂိုးပေါက်နဲ့ဝေးရာကို ပို့ထားမယ်။

ဒီပွဲမှာ ခရိုအေးရှားက အာဂျင်တီးနားကို ရင်ဆိုင်ရင်လည်း ဒီပုံစံနဲ့ပဲ ရင်ဆိုင်မှာပဲ။

ခရိုအေးရှားအားသာတာက တန်ပြန်တိုက်စစ်တွေအတွက် တိကျတဲ့ ဘောလုံးဖြန့်ဝေသူတွေရှိတယ်။

အာဂျင်တီးနားရဲ့ ကွင်းလယ်ကို ယှဉ်ကစားနိုင်တဲ့ ကွင်းလယ်ရှိတယ်။

သေကွင်းသေကွက်တွေကို ပေးနိုင်တဲ့ မိုဒရစ်၊ ရာကီတစ်တို့ရှိတယ်။

ဒါပေမဲ့ မက်ဆီကို ကာပေးနိုင်ပြီး ခံစစ်ပိုင်းမှာ စိတ်ချရတဲ့ မာကျောတဲ့ကွင်းလယ်လူ မရှိဘူး။

ဒီအချက်က ပြဿနာဖြစ်လာနိုင်တယ်။

ခရိုးအေးရှားရဲ့ တောင်ပံတိုက်စစ်၊ မန်ဇူကစ်ရဲ့ အရွေ့၊ နေရာယူပုံနဲ့ အမြင့်ဘော စွမ်းရည်တွေကလည်း အာဂျင်တီးနားခံစစ်ကို ဒုက္ခပေးနိုင်တယ်။

ဒါ့အပြင် အာဂျင်တီးနားက ဖိအားတွေနဲ့အသင်းပါ။

ဒီအသင်းက မဖြစ်မနေအနိုင်ကစားရမယ့် အနေအထားမျိုးရောက်နေပြီး၊ မက်ဆီအတွက်လည်း အဖွင့်ပွဲက ဖိအားတွေပါထပ်တိုးလာတယ်။

ခရိုအေးရှားကို ပိုကြိုက်တယ်။

Most Read

Most Recent