အဲဗာတန်ခေါ်ယူလိုသည့် လိုဇာနိုအတွက် PSV အသင်း ပေါင်သန်း(၃၀)သတ်မှတ်

အဲဗာတန်ခေါ်ယူလိုသည့် လိုဇာနိုအတွက် PSV အသင်း ပေါင်သန်း(၃၀)သတ်မှတ်
Published 21 June 2018

 

Photo: AFP

နယ်သာလန်ကလပ် PSV အသင်းသည် အဲဗာတန် အသင်းခေါ်ယူရန်ပစ်မှတ်ထားနေသော ၎င်းင်းတို့၏ မက္ကဆီကိုတောင်ပံကစားသမား လိုဇာနိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၃၀)သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

လိုဇာနိုသည် ၂၀၁၈ ကမ္ဘာ့ဖလား အုပ်စု(F) အဖွင့်ပွဲစဉ်ဖြစ် သော ဂျာမနီ(ဝ-၁)မက္ကဆီကိုပွဲတွင် ကမ္ဘာ့ဖလားလက်ရှိ ချန်ပီယံ ဂျာမနီအသင်းဘက်သို့ တစ်လုံးတည်းသောအ နိုင်ဂိုးသွင်းယူခဲ့သူဖြစ်သည်။

အဲဗာတန်အသင်းအားကစား ဒါရိုက်တာ မာဆယ်လ်ဘရန်းစ်သည် PSV အသင်းတွင် အားကစားဒါရိုက်တာအဖြစ် တာဝန်ယူစဉ်က လိုဇာနိုနှင့် ရင်းနှီးသောဆက်ဆံမှုရှိသူဖြစ်သည်။ ၎င်းအား ဂျူဗင်တပ်စ်အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

Most Read

Most Recent