ပြိုင်ဘက်များကိုအနိုင်ကစားပြီး ရှမ်းနှင့် ဟံသာဝတီ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်

ပြိုင်ဘက်များကိုအနိုင်ကစားပြီး ရှမ်းနှင့် ဟံသာဝတီ ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တက်ရောက်
Published 21 June 2018

ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့သည် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ပြိုင်ဘက်အသင်းများကို အနိုင်ကစားကာ
ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင်ခဲ့ကြောင်းသိရသည်။

သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားခဲ့သော ရှမ်းယူနိုက်တက်နှင့် ရခိုင်အသင်းတို့၏ပွဲစဉ်တွင် ရှမ်းယူနိုက်တက်က ပွဲကစားချိန်အတွင်း ခြေစွမ်းအသာဖြင့် ရခိုင်ယူနိုက်တက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး (၃-ဝ)ဂိုးဖြင့် ရှမ်းယူနိုက်တက်က အနိုင်ရခဲ့သည်။ရှမ်းယူနိုက်တက်မှ ဒွေးကိုကိုချစ်ကပွဲချိန် ၂၇ မိနစ်၊ ၆၁ မိနစ်နဲ့ ၈၄ မိနစ်တို့တွင် ဟက်ထရစ်ဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ဟံသာဝတီနှင့် စစ်ကိုင်းယူနိုက်တက်
တို့၏ပွဲစဉ်မှာလည်း အကြိတ်အနယ်ရှိခဲ့ပြီး ပွဲအပြီးတွင် ဟံသာဝတီက (၂-၁)ဂိုးဖြင့်အနိုင်ရခဲ့ခြင်းဖြစ်သည်။ဟံသာဝတီအသင်းအတွက် ဂိုးများကို မာခ့်က (၂၂)မိနစ်နှင့် (၅၃)မိနစ်များတွင် သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အတွက် တစ်လုံးတည်းသော ချေပဂိုးကို (၈၉)မိနစ်တွင် ကောင်းဇော်ထွေးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက်တို့သည် ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို လာမည့် ဇူလိုင်(၂၂)ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent