အူနိုင်းအမ်မရီနှင့် တွေ့ဆုံခဲ့ပြီးနောက် အသင်းမှထွက်ရန် ဝဲလ်ရှိုင်းယား ဆုံးဖြတ်

အူနိုင်းအမ်မရီနှင့် တွေ့ဆုံခဲ့ပြီးနောက် အသင်းမှထွက်ရန် ဝဲလ်ရှိုင်းယား ဆုံးဖြတ်
Published 18 June 2018

 

Photos: Daily Star,Mirror

အာဆင်နယ်အသင်း၏ အင်္ဂလန်ကွင်းလယ်လူ ဝဲလ်ရှိုင်းယား(၂၆ နှစ်)သည် အာဆင်နယ်အသင်းမှ ယခုနွေရာသီတွင် ထွက်ခွာရန်စီစဉ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ Mirror သတင်းစာ၏ဖော်ပြချက်အရ ဝဲလ်ရှိုင်း ယားသည် ပြီးခဲ့သည့်ရက်ပိုင်းက အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီနှင့် တွေ့ဆုံခဲ့ပြီးနောက် အသင်းမှထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အူနိုင်းအမ်မရီက ၎င်းအနေဖြင့် ဝဲလ်ရှိုင်းယားကို အသင်းတွင် ပုံမှန်နေရာပေးမည်ဟု အာမမခံနိုင်ကြောင်း အသိပေးပြီးနောက်တွင် ဝဲလ်ရှိုင်းယားသည် အာဆင်နယ်၌ ဆက်ကစားရန် ဆန္ဒမရှိတော့ကြောင်း Mirror က ဖော်ပြခဲ့သည်။

၎င်းနှင့် အာဆင်နယ်အသင်းချုပ်ဆိုထားသောစာချုပ်မှာ ယခုနွေရာသီတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဝဲလ်ရှိုင်းယားအနေဖြင့် အခြားသောအသင်းများသို့ ပြောင်း ရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင် ကြောင်း သိရသည်။ အာဆင်နယ်အသင်းတွင် လူငယ်ကစားသမားဘဝစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်၍ ဆယ်စုနှစ်တစ်ခုကြာကစားခဲ့သော ဝဲလ်ရှိုင်းယားကိုခေါ်ယူရန် ကလပ်အသင်း ပေါင်းများစွာက စိတ်ဝင်စားနေ ကြောင်း သိရသည်။

၎င်းအား အဲဗာတန်၊ ဝက်စ်ဟမ်း အစရှိသော ပရီးမီးယားလိဂ်အသင်းများနှင့် ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ဆမ်ဒိုးရီးယားအစရှိသော စီးရီးအေအသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။ ဝဲလ်ရှိုင်းယားသည် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၉၇)ပွဲကစားကာ (၁၄)ဂိုး သွင်းယူပေးခဲ့သည်။

 

 

 

Most Read

Most Recent